ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်
လာမယ့်နှစ်မှာပြုလုပ်မယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပြီး အဲဒီရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဖူးလို့ ပြောကြား လိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ်အနိုင်ရရှိခဲ့မှုကြောင့် မဲလိမ်လည်မှုရှိသည်ဟုဆိုကာ စစ်တပ်က အာဏာ သိမ်းယူခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ရောက်ရှိနေပြီး တစ် နိုင်ငံလုံးမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် စစ်ကောင်စီက လာမည့်သြဂုတ်လမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ စီစဉ်နေ တယ်လို့ ပြောပါတယ်။
“စစ်ကောင်စီရဲ့ လာမယ့်နှစ်မှာပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို မထောက်ခံဖို့ အမေရိကန် နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းကို အပြင်းအထန် တိုက်တွန်းပါတယ်” လို့ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဘလင်ကန်က ပြောကြားပါတယ်။
လက်ရှိအခြေအနေအရ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဖူးလို့ အတိုက်အခံတွေနဲ့ စေ့စပ်ညှိနှိုင်းမှုမလုပ်တာကြောင့် စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်ခွင့်မရတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ၄င်းက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီကို စီးပွားရေးအရ ဖိအားပေးမှုတိုးမြှင့်ဖို့၊ လက်နက်နဲ့ဝင်ငွေ စီးဆင်းမှုလမ်းကြောင်း ဖြတ် တောက်ရေး ပိုမိုလုပ်ဆောင်ဖို့ ဘလင်ကန်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အကျိုးများသော ရေနံနဲ့ဓာတ်ငွေ့ကဏ္ဍက လက်ရှိအချိန်ထိ ဒဏ်ခတ်အရေးယူခံရမှု ကင်း လွတ်နေဆဲဖြစ်ပြီး ရွေးချယ်စရာအားလုံးက စားပွဲဝိုင်းပေါ်မှာရှိတယ်လို့ အမေရိကန်နိုင်ငံက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်ခြင်းဖြင့် နိုင်ငံတကာရဲ့ အမျက် ဒေါသထွက်မှု ခံရပြီးနောက် ယခုလို ကြေညာခဲ့တာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် အထီးကျန်ဆန်နေတဲ့ မြန်မာစစ်ကောင်စီဟာ မဟာ မိတ်တွေဖြစ်တဲ့ ရုရှားနဲ့တရုတ်နိုင်ငံမှ အကူအညီရရှိဖို့ ကြိုးပမ်းလာပါတယ်။
ရုရှားနဲ့တရုတ်ဟာ အရပ်သားတွေကိုတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့လက်နက်တွေကို မြန်မာစစ်ကောင် စီထံ ထောက်ပံ့နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; US Urges Rejection Of Myanmar Junta ‘Sham’ Elections