ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
မလုံခြုံမှု၊ ပဋိပက္ခနဲ့ စီးပွားရေး အကျပ်အတည်းတွေ ဖြစ်ပွားနေစဉ် ဆင်းရဲမွဲတေမှု မြင့်တက်လာ မှုနဲ့အတူ ပြီးခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ လူလတ်တန်းစား ၅၀ ရာခိုင်နှုန်း လျှော့နည်း သွားခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာသစ်အရ သိရပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း စိန်ခေါ်မှုအမျိုးမျိုး ပိုဆိုးရွားလာခဲ့တယ်လို့ “Poverty and the Household Economy of Myanmar: A Disappearing Middle Class” လို့ အမည်ပေးထားတဲ့ အစီရင်ခံ စာက ဖော်ပြပါတယ်။
မြန်မာ့လူဉီးရေရဲ့ ၇၆ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုအောက် နေထိုင်ရပြီး ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်မှာ ၄၉ ဒသမ ၇ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး မြင့် တက်လာခဲ့ကာ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ထိုးကျသွားခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
တိုင်းပြည်ရဲ့စီးပွားရေး အမြန်နလံထူဖို့ အထောက်အပံ့ဖြစ်စေတဲ့ လူလတ်တန်းစား မြန်ဆန်စွာ ပျောက်ကွယ်နေပြီး ပြန်ပြီး ဆင်းရဲမွဲတေသွားတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ငွေကြေး လွှဲပြောင်းတာ၊ အခြားနည်းလမ်းတွေမှတစ်ဆင့် ဆင်းရဲမွဲတေမှုကို ထိထိရောက်ရောက် ဖြေရှင်းဖို့ တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ လိုအပ်မယ်လို့ အစီရင်ခံစာက ထောက်ပြပါ တယ်။
မြန်မာနိုင်ငံမှာ လူဉီးရေရဲ့ ၂၅ ရာခိုင်နှုန်းအောက်သာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်ကနေ လွတ် ကင်းပါတယ်။ ငွေကြေးလွှဲပြောင်းတာ၊ စားနပ်ရိက္ခာဖူလုံမှု၊ အခြေခံဝန်ဆောင်မှုတွေသာမရရှိရင် အကျိုး သက်ရောက်မှုကို မျိုးဆက်နဲ့ချီပြီး ခံစားရမှာဖြစ်ပါတယ်” လို့ UNDP မှ အေချင်းစတိန်နာက ပြောပါ တယ်။
ကိုးကား – UNDP
Ref; Middle class disappearing and poverty deepening in Myanmar