
ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းမှာ ယာဉ်တန်းတစ်ခုအတွင်း ဖောက်ခွဲရေးပစ္စည်းတွေ တင် ဆောင်လာတဲ့ ကားတစ်စင်းနဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ တရုတ် အင်ဂျင်နီယာ ၅ ဦးနဲ့ ပါကစ္စတန် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပါတယ်။
ယခုတိုက်ခိုက်မှုဟာ ခိုင်ဘာပတ်ချ်တွမ်ခွာပြည်နယ်ရှိ တောင်ကုန်းထူထပ်ရာ ဧရိယာတစ်ခုက အဝေးပြေးလမ်းမကြီးတစ်ခုမှာ မနေ့က ဖြစ်ပွားခဲ့တာပါ။
တရုတ် အင်ဂျင်နီယာတွေတင်ဆောင်လာတဲ့ ယာဉ်တန်းဟာ ဆည်တည်ဆောက်ရေး လုပ်ငန်း ခွင်တစ်ခုသို့ ဦးတည်သွားနေတာပါ။
ယာဉ်တန်းဟာ ဆည်တည်ဆောက်ရေးစီမံကိန်းမှာပါတဲ့ အင်ဂျင်နီယာတွေ၊ အလုပ်သမားတွေကို တင်ဆောင်ပြီး သွားရောက်နေချိန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖောက်ခွဲမှုဖြစ်ပွားပြီးနောက် ကားတစ်စင်းက လျှိုတစ်ခုအတွင်း ကျရောက်သွားခဲ့ရာ လူခြောက် ဦး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့က ရှင်းပြပါတယ်။
တရုတ် အင်ဂျင်နီယာတွေကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုလို့ ရဲတပ်ဖွဲ့က ယူ ဆပြီး တိုက်ခိုက်သူလို့ယုံကြည်ရသူဟာလည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံဟာ တရုတ်နိုင်ငံကို မကျေမနပ်ဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ လုပ်ဆောင် တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကလည်း ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဂွာဒါမြို့က တရုတ်နိုင်ငံဉီး ဆောင်သော ‘ရပ်ဝန်းနှင့်ပိုးလမ်းမ’ စီမံကိန်းရဲ့ အရေးပါသော အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ ဆိပ်ကမ်း တစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Apparent suicide attack in Pakistan kills 6, including Chinese engineers