ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

စစ်အာဏာသိမ်းမှုနောက်ပိုင်း ၃ နှစ်အကြာမှာ စစ်ကောင်စီရဲ့ အာဏာတည်မြဲဖို့ ကြိုးပမ်းမှုတွေ က ပြည်သူတွေကို ဖျက်ဆီးခဲ့ပြီး တိုင်းပြည်တစ်ဝှမ်း တိုက်ပွဲတွေ အရှိန်မြှင့်လာခဲ့ကာ ပြည်သူ ၂ ဒသမ ၄ သန်း အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။

အာဏာသိမ်းမှုမတိုင်မီ အကူအညီလိုအပ်သူ အရေအတွက်ဟာ တစ်သန်းသာရှိရာမှ တိုင်းပြည် တစ်ဝှမ်း အကြမ်းဖက်မှုတွေ၊ စီးပွားရေးပြိုလဲမှုတွေဖြစ်နေတဲ့ လက်ရှိအချိန်မှာ ၁၈ ဒသမ ၆ သန်းအထိ ရှိလာခဲ့တယ်လို့ HRW က ဆိုပါတယ်။

အာဟာရချို့တဲ့မှုကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း အသက် ၅ နှစ်အောက် ကလေးငယ် ၁၀၀၀၀ သေ ဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

စုပေါင်းအပြစ်ပေးမှု နည်းလမ်းတစ်ခုအဖြစ် စစ်ကောင်စီဟာ လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှု ပိတ်ပင်တာကို အရှိန်မြှင့်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ စာနာမှုအကူအညီ ပိတ်ပင်တာမှာ အ ရပ်သားတွေကို ထီးတည်းဖြစ်အောင် အကြမ်းဖက်ပြီး နယ်မြေထိန်းချုပ်တဲ့ ‘ဖြတ်လေးဖြတ်’ ဗျူဟာ ပါ ဝင်ပါတယ်။

မြန်မာပဋိပက္ခဟာ အခုဆိုရင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပိုမို သက်ရောက်လာပြီး တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီယံဒေသအထိ ပျံ့နှံ့လာခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လူသားမဆန်သော ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေဟာ ဆယ်စုနှစ်ချီ ပြစ် ဒဏ်မှကင်းလွတ်ခွင့်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေ မရှိတာ ကြောင့်လို့ HRW က ပြောပါတယ်။

စစ်ကောင်စီကို အရေးယူဖို့ ပထမအဆင့်အဖြစ် တင်သွင်းခဲ့တဲ့ ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ လုံခြုံရေးကောင်စီရဲ့ အားနည်းမှု ဖြစ်လာခဲ့ပါ တယ်။

စစ်ကောင်စီရဲ့ နှိပ်ကွက်မှုတွေကြောင့် မြန်မာပြည်သူတွေရဲ့ အသံနဲ့အညီ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် ဖိအားပေးဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက လက် တွေ့ကျသော စုပေါင်းအရေးယူမှု ပြုလုပ်သင့်ပါတယ်။

ကိုးကား – HRW
Ref; Myanmar: Junta Abuses Spur Spiraling Catastrophe

#Ayeyarwaddy_Times