ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ မကျူးလွန်နိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက အာ ဏာသိမ်းစစ်ကောင်စီရဲ့ စစ်လက်နက်၊ လေယာဉ်ဆီနဲ့ နိုင်ငံခြားငွေရပေါက်တွေကို ကန့်သတ်နိုင်မယ့် ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က ပြောကြား လိုက်ပါတယ်။

“ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ တားဆီး နိုင်ရေး အလေးထားလုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော် ထပ်မံ တောင်းဆိုပါတယ်” လို့ ဆွစ်ဇာ လန်နိုင်ငံ၊ ဂျီနီဗာမြို့တော်မှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

အရပ်သားတွေအပေါ် ဖိနှိပ်မှုတွေ တာရှည်စေမယ့် မြန်မာစစ်တပ်ရဲ့ စစ်လက်နက်၊ လေယာဉ်ဆီနဲ့ နိုင်ငံ ခြားငွေရပေါက်တွေကို ကမ္ဘာ့နိုင်ငံတွေက အဆုံးသတ်သင့်တယ်လို့ သူက ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် မြန်မာနိုင် ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်လာခဲ့ပါတယ်။

မူဆလင်ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ချီ ဖိနှိပ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထွက်ပြေးလာသူ ရိုဟင်ဂျာတစ်သန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေပါတယ်။

မြန်မာစစ်အာဏာရှင်တွေက ရိုဟင်ဂျာတွေကို ပြည်ပမှအခြေချနေထိုင်သူတွေအဖြစ် ရှုမြင်ပြီး နိုင်ငံသား ဖြစ်ခွင့် ငြင်းဆန်ခဲ့ပါတယ်။

“ဆယ်စုနှစ်ပေါင်းများစွာကြာ စနစ်တကျ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ အင်အားသုံး နေရပ်စွန့်ခွာစေမှုနဲ့ ဆိုး ရွားသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံတွေ့ရပြီးနောက် ရိုဟင်ဂျာတွေဟာ ဒီနေ့အချိန်မှာ ရွာတွေ၊ စစ် ရှောင်စခန်းတွေမှာ အကျဉ်းကျသလို နေထိုင်ရပါတယ်” လို့ ၎င်းက ပြောပါတယ်။

ရှိယင်းစွဲ ရိုဟင်ဂျာတွေက လုံခြုံရေးကို ခြိမ်းခြောက်တာကြောင့် ရိုဟင်ဂျာတွေကို ထပ်မံ ဝင်ရောက်ခွင့် မပြုတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်ခံနေရတယ်ဆိုတဲ့ ယုံကြည်လောက်တဲ့သတင်းတွေ ကျွန်တော့်ရုံးက ရရှိခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံက ဖိနှိပ်မှုနဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးလာသူတွေအတွက် နိုင်ငံတကာဒုက္ခသည် အ ကာအကွယ်ပေးမှု လုပ်ဆောင်ကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို ကျွန်တော် မေတ္တာရပ်ခံပါတယ်” လို့ သူက ဆိုပါ တယ်။

ကိုးကား – Reuters
Ref; Myanmar junta’s access to arms and cash must be cut off, UN rights chief says

#Ayeyarwaddy_Times