
ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
စစ်ကောင်စီရဲ့ ကန့်ကွက်မှုရှိလင့်ကစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေးပွဲကို ထိုင်းလွှတ် တော်က စနေနေ့မှာ ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ဒီနေ့ ပြုလုပ်တာကတော့ သက်ဆိုင်သူအသီးသီး အချင်းချင်း ဆွေးနွေးဖို့ ပထမခြေလှမ်း ဖြစ်ပါတယ်” လို့ နှစ်ရက်ကြာ ဆွေးနွေးပွဲ ကျင်းပရေး အောက်လွှတ်တော်ကော်မတီ အကြီးအကဲ Rangsiman Rome က ပြောပါတယ်။
ယခုဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး တာရှည်ခံသော နိုင်ငံရေးအဖြေတစ်ခု ရရှိစေမယ်လို့ သူက ဆိုပါတယ်။ ဆွေးနွေးမယ့်သူတွေထဲမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အကြီးတန်း တာဝန်ရှိသူတွေ ပါဝင်ပေမယ့် စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်မှုမရှိပါဘူး။
မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပတဲ့ ထိုင်းလွှတ်တော်ကို အပြင်းအထန် ကန့်ကွက်ကြောင်း၊ ယခုဆွေးနွေး ပွဲကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုတွေ ဖြစ်စေကြောင်း စစ် ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကန့်ကွက်စာတစ်ခုက ဆိုပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာက ဆွေးနွေးပွဲမှာ မိန့်ခွန်းတစ်ခု ပြောကြားဖို့ရှိပေ မယ့် နောက်ဆုံးအချိန်မှာ မည်သည့်ရှင်းပြချက်မှမရှိဘဲ အစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာစစ်တပ်၊ အခြားအုပ်စုတွေနဲ့ လက်တွဲဆောင်ရွက်ခြင်းအားဖြင့် စစ်မက်ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေဖြစ်လာစေမယ့် လူသားချင်းစာနာမှုအကူအညီ ပေးအပ်မယ့်အစီအစဉ်ကို ဉီး ဆောင်လိုပါတယ်။
“အာဏာသိမ်းမှုအပြီး ၃ နှစ်ကြာ” လို့ အမည်ပေးထားတဲ့ အဆိုပါဆွေးနွေးပွဲဟာ ထိုင်းအစိုးရရဲ့ စစ် ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ တစ်မူထူးနေတယ်လို့ Thammasat တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာမှုဌာ နမှ Dulyapak Preecharush က ပြောပါတယ်။
“ထိုင်းလွှတ်တော်ရဲ့ ကော်မတီပလက်ဖောင်းက မြန်မာ့ ဒီမိုကရေစီအင်အားစုတွေအတွက် ပိုပြီး လမ်းဖွင့် ပေးလာပါပြီ” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Thai parliament holds Myanmar seminar over junta’s objection