
ဧရာဝတီတိုင်းမ်
မတ် ၁ ရက်
စိုးရိမ်ဖွယ်ရာတိုင်းပြည်များသို့ အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လွှဲပြောင်းပေး တာကို တားဆီးမယ့်ဉပဒေတစ်ရပ်ကို သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ပြန်မယ်လို့ သိရပါတယ်။
စိုးရိမ်ဖွယ်ရာတိုင်းပြည်တွေထဲမှာ တရုတ်၊ ရုရှားနဲ့ အီရန်နိုင်ငံတို့ ပါဝင်တယ်လို့ အမေရိကန်အစိုးရ အကြီး တန်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါဥပဒေဟာ နေရပ်လိပ်စာနဲ့ ငွေကြေးအချက်အလက်တွေ အပါအဝင် အမေရိကန်နိုင်ငံသားအများ စုရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ထိရှလွယ်သော သတင်းအချက်အလက်တွေ မပေါက်ကြားစေဖို့ အလေးထား တယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်က ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရောင်းချမှုက စစ်တပ် သို့မဟုတ် အမျိုးသား လုံခြုံရေး အသိုင်းအဝိုင်းတွင်းက လူပုဂ္ဂိုလ်တွေအတွက် တန်ပြန်ထောက်လှမ်းမှု၊ ခြိမ်းခြောက်ငွေညှစ်မှုတွေ သိသိ သာသာ ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
စိုးရိမ်ဖွယ်ရာတိုင်းပြည်တွေက အမေရိကန်နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ကန့်သတ်ဖို့ သတင်းထောက်တွေ၊ အတိုက်အခံတွေနဲ့ အခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုနိုင်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပွဲစားတွေကနေတစ်ဆင့် မကြာခဏဆိုသ လို တရားဝင် ရောင်းချကြတယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
တရားရေးဝန်ကြီးဌာနဲ့ အခြားဌာနတွေက ခိုင်မာသော လုပ်ထုံးလုပ်နည်းတွေကို လေ့လာကာ စီးပွားရေး လုပ်ငန်းတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်သွားမယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ကိုးကား – NHK
Ref; US to prevent personal data transfer to China, Russia among others