ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

ပြင်သစ်သမ္မတ အီမန်နူရယ်မေခရွန် အကြံပြုတဲ့အတိုင်း နေတိုးအဖွဲ့က ယူကရိန်းမှာ တပ်ဖွဲ့တွေ ဖြန့် ကြက်ရင် နေတိုးအဖွဲ့နဲ့ တိုက်ရိုက် ပဋိပက္ခတစ်ခု ဖြစ်လာနိုင်တယ်လို့ ရုရှားနိုင်ငံက သတိပေးလိုက်ပါတယ်။

“နေတိုးအဖွဲ့ဝင်တိုင်းပြည်တွေက ယူကရိန်းသို့ တပ်ဖွဲ့အချို့ စေလွှတ်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့အချက်က အလွန်ကို အရေးကြီးပါတယ်” လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က သတင်းထောက် တွေကို ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ နေတိုးအဖွဲ့နဲ့ တိုက်ရိုက်ပဋိပက္ခတစ်ခု သေချာပေါက် ဖြစ်လာနိုင်ဖွယ်ရှိတာကို ကျွန် တော်တို့ ဆွေးနွေးဖို့ လိုအပ်ပါတယ်” လို့ နေတိုးအဖွဲ့က ယူကရိန်းမှာတိုက်ခိုက်ဖို့ တပ်ဖွဲ့တွေ စေလွှတ်ရင် ရုရှား-နေတိုး တိုက်ရိုက်ပဋိပက္ခ ဖြစ်လာနိုင်သလားဆိုတဲ့ မေးမြန်းမှုတွေကို သူက ဖြေကြားခဲ့ပါတယ်။

ရုရှားနဲ့ ပဋိပက္ခဖြစ်လာရင် ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အကျိုးရှိ မရှိ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အကဲဖြတ်ရမယ်လို့ ပက်ရှ်ကော့ဗ်က ပြောပါတယ်။

ယူကရိန်းမှာ ရှုံးနိမ့်နေတဲ့ ရုရှားဟာ ဉရောပတိုက်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုလို့ မေခရွန်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

“ရုရှားက ယူကရိန်းစစ်ပွဲမှာ အနိုင်မရအောင် ကျွန်တော်တို့ အရာအားလုံး အစွမ်းကုန် လုပ်ဆောင်ရပါ မယ်” လို့ ၎င်းက ဆိုပါတယ်။

ယူကရိန်းစစ်တပ်ကိုသာမက နေတိုးအဖွဲ့ကိုလည်း တိုက်ခိုက်နေရတယ်လို့ ရုရှားသမ္မတရုံးက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ရုရှားက မဟာဗျူဟာမြောက် ရှုံးနိမ့်စေဖို့ ယူကရိန်းသို့ စစ်လက်နက်တွေ ထောက်ပံ့ခြင်းအားဖြင့် အမေရိ ကန်နိုင်ငံဟာ ပဋိပက္ခတာရှည်အောင် လုပ်ဆောင်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စွပ်စွဲပါတယ်။

ကိုးကား – La Prensa Latina
Ref; Russia warns of direct conflict if NATO deploys ground troops in Ukraine

#Ayeyarwaddy_Times