ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်းနှစ်ကျောင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကလေးသူငယ်အရေး ဆောင်ရွက်နေသည့် UNICEF က သတင်းထုတ်ပြန်သည်။

အဆိုပါ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၁၂ နှစ်မှ ၁၄ နှစ်အတွင်းရှိ ကလေး‌များနှင့် ဆရာနှစ်ဦးသေဆုံးသွားရပြီး အပြင်းအထန်ဒဏ်ရာရသူများရှိကြောင်း ဖေ‌ဖော်ဝါရီ ၇ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

“UNICEF က ပြင်းထန်စွာရှုတ်ချတယ်။ ဘယ်လိုလေကြောင်းတိုက်ခိုက်မှုမျိုးကို မဆိုဆန့်ကျင်တယ်။ ကလေးတွေအတွက် ကျောင်းနဲ့စာသင်ကြားတဲ့နေရာတွေက အမြဲတမ်းလုံခြုံတဲ့နေရာဖြစ်ရမှာဖြစ်ပြီး အဲဒီနေရာတွေပေါ်ပြုလုပ်တဲ့ ဘယ်လို လေကြောင်း တိုက်ခိုက်မှုတွေကိုမဆိုပြင်းထန်စွာရှုတ်ချတယ် ” ဟု East Asia and the pacific ဒါရိုက်တာ Debora Coni က ပြောကြားခဲ့သည်။

စာသင်ကျောင်းများကို လေကြောင်းမှတိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေနှင့် ကလေးအခွင့်အရေးကိုချိုးဖောက်ခြင်းဖြစ်ကြောင်း UNICEF က သတင်းထုတ်ပြန်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်ခံရချိန်တွင် ကလေးငယ် ၁၀၀ ကျော်ရှိနေပြီး ပြေးလွှား တိမ်းရှောင်ချိန်တွင် စစ်လေယာဉ်က ဗုံးကြဲချပြီး စက်သေနတ်များဖြင့်ပစ်ခတ်သဖြင့် ဒဏ်ရာရသူများနှင့် ကျောင်းအဆောက်အအုံများ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားကြောင်း သိရသည်။

ကျောင်း‌နေရာသည် မကြာသေးမီက စစ်ကောင်စီနှင့် တိုင်းရင်းသားတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားနေသည့် ဧရိယာတွင်ရှိကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရသည့် ဒေါဆီအီး‌ကျေးရွာနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း နှစ်ခုမှာကိုယ်ထူကိုယ်ထကျောင်းများဖြစ်ပြီး ဒီးမာ့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မူလတန်းမှ အထက်တန်း (KG+ Grade 12) အထိပညာသင်ကြားနိုင်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။

ထို့ပြင် စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ပြီဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေသူ လူဦးရေ ၁၈ ဒသမ ၆ သန်းကျော်ရှိကြောင်းပါဝင်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတဝန်းလေကြောင်း တိုက်ခိုက်သဖြင့် ပြည်သူ များသေဆုံးခြင်း၊ လူများစွာဖမ်းဆီးခံရခြင်း၊ ထိန်းသိမ်းခံရသူများအသတ်ခံရမှု အဓမ္မပြုကျင့်ခံရမှုများအပါအဝင် ရွာများကိုမီးရှို့ဖျက်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း ကလေးသူငယ်အရေးဆောင်ရွက်နေသော UNICEF က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ ၄,၅၀၆ ဦး ရှိပြီး ဖမ်းဆီးခံရသူ ၂,၆၀၂၃ ဦးရှိပြီး ထိုအထဲမှ ၂,၀၀၆၄ ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်ထဲမှ ၈,၇၇၂ ဦး ထောင်ဒဏ် ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#UNICEF #UN #ကရင်နီ #စာသင်ကျောင်း #ဗုံးကြဲတိုက်ခိုက်ခံရ #ဒီမော့ဆို #ကလေးငယ်သေဆုံး #ထိခိုက်ဒဏ်ရာရသူများပြား
#Ayeyarwaddy_Times