ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
ကလေးငယ်နှစ်ဉီး အပါအဝင် လူ ၁၇ ဉီး သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့လအတွင်း လေကြောင်းတိုက်ခိုက်မှုတစ်ခု နဲ့ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို စုံစမ်းစစ်ဆေးသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းက ကနန်းရွာ စိန့်ပီတာဘုရားကျောင်းအနီး နေရာသုံးခု ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ ဓာတ်ပုံနဲ့ဗွီဒီယို လေ့လာမှုတွေအပြင် မျက်မြင်တွေနဲ့ တွေ့ဆုံမေး မြန်းမှုတွေက ညွှန်ပြခဲ့တယ်လို့ AI က ပြောပါတယ်။
ထိုအချိန်က ကနန်းကျေးရွာအနီးမှာ မည်သည့်လေယာဉ်မျှ မောင်းနှင်ခဲ့ခြင်းမရှိဟုဆိုကာ တိုက်ခိုက်မှုအ တွက် တာဝန်မရှိဘူးလို့ မြန်မာစစ်တပ်က ယခင် ငြင်းဆန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တရုတ်နိုင်ငံထုတ် A-5 ဂျက်တိုက်လေယာဉ်တစ်စင်း တံတားဉီးလေဆိပ်ကနေ ပျံတက် သွားပြီး ကနန်းကျေးရွာအနီး ပျံသန်းသွားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေ၊ ရုပ်သံဖိုင်တွေကို ကြည့်ရှုခဲ့တယ်လို့ AI က ပြော ပါတယ်။
“မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် လူအသေအပျောက်ဖြစ်စေတဲ့ တိုက်ခိုက်မှုတွေပြုလုပ်တာ ရပ် တန့်မယ့်လက္ခဏာ မပြပါဘူး။ ဒီလိုတိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးသင့်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပေးသင့်ပါတယ်” လို့ AI ရဲ့ အကျပ်အ တည်းတုံ့ပြန်ရေးအစီအစဉ် ဒါရိုက်တာ မတ်ဝဲလ်က ပြောပါတယ်။
ပြည်သူ ၂ ဒသမ ၆ သန်း အိုးအိမ်စွန့်ခွာခဲ့ရပြီး သန်းနဲ့ချီ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့ မြန် မာနိုင်ငံရဲ့ ယိုယွင်းလာတဲ့အခြေအနေကို ဖြေရှင်းရာမှာ ပိုမိုကြိုးပမ်းကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တောင်းဆို မှုတွေ များပြားလာပါတယ်။
“မြန်မာအကျပ်အတည်းဟာ မြန်ဆန်စွာ အရှိန်မြှင့်လာပြီး မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ပံ့ပိုးကူညီမှုနဲ့ ကာကွယ်ပေးမှု အရေးတကြီး လိုအပ်နေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံ ပေးကောင်စီ (SAC-M) အဖွဲ့ဝင် မာဇူကီဒါရက်စမန်းက ပြောပါတယ်။
ကိုးကား – Aljazeera
Ref; Amnesty calls for war crimes probe over Myanmar military bombing of church