ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်၊ နိုင်ငံခြားရေးဝန် ကြီး ဒေါက်တာ ဟတ်ဆန်မာမွတ်က ပြောပါတယ်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်က အခြေအနေကို စောင့်ကြည့်နေပါတယ်။ မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို တပ်လှုန့်ထားပါတယ်။ ကျွန်တော်တို့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေပါတယ်” လို့ သူက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းထောက်တွေကို ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်မှ မော်တာကျည် ၁၃ လုံး ကော့ဘဇားဒေသထဲ ကျရောက်မှုနဲ့ပတ်သက်လို့ မြန်မာစစ် တပ်နဲ့ အေအေကြား လက်ရှိတိုက်ပွဲတွေကြောင့် နယ်စပ်တစ်ဘက်ကမ်းမှ မော်တာကျည်တွေ ကျရောက်ခဲ့တာလို့ သူက ဆိုပါတယ်။

“တိုက်ပွဲတွေကြောင့် လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။ မြန် မာနိုင်ငံဘက်က လက်နက်ကြီးကျည်တွေ ကျွန်တော်တို့နိုင်ငံထဲကို ထပ်မကျဖို့ မျှော်လင့်ပါတယ်” လို့ သူက ပြော ပါတယ်။

လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မြန်မာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်တာ မရှိဘူး လို့ ဟတ်ဆန်မာမွတ်က ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကော့ဘဇားခရိုင်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက် လုံခြုံရေး တိုးမြှင့်ထားပါတယ်။

စနေနေ့က မြန်မာစစ်တပ်နဲ့ အေအေကြား တိုက်ပွဲကြောင့် မော်တာကျည် ၁၃ လုံးနဲ့ ကျည်ဆံတစ်တောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်ခဲ့တယ်လို့ ကော့ဘဇားခရိုင်ရှိ အမှတ် ၃၄ နယ်ခြားစောင့်တပ်ရင်းက သတင်း ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က လက်နက်ကြီးကျည်တွေ ကျရောက်တဲ့ဖြစ်စဉ်ကို ကန့်ကွက်တဲ့ စာတစ်စောင်ကို မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ထံ ချက်ချင်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – BSS News
Ref; Border guards remain alert along Myanmar frontier: Hasan

#Ayeyarwaddy_Times