သက်ဦးဆံပိုင်စနစ်ကိုပြောင်းလဲရန် တောင်းဆိုမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က အတိုက်အခံ လွှတ်တော်အမတ်ဟောင်းတစ်ဦးကို ဇွန်လ ၂၀ ရက်က တရားစွဲဆိုလိုက်ပါတယ်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှ တတိယမဲအများဆုံး အနိုင် ရရှိခဲ့တဲ့ ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Future Forward ပါတီရဲ့ လွှတ်တော်အမတ် ပီယာဘတ်က ဘုရင်ကိုအသရေဖျက်မှုဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ ဒုတိယမြောက်အမတ် ဖြစ်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးမဟာဗျူဟာက ဘုရင် မဟာဝိဇယလောင်ကွန် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုအပေါ် မှီခိုလွန်းတယ်လို့ ဝေဖန်မှုကြောင့် Future Forward ပါတီရဲ့ခေါင်းဆောင် သာနာသွန်ကို လည်း ပြီးခဲ့တဲ့နှစ်က အလားတူပုဒ်မနဲ့ တရားစွဲဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း တွစ်တာလူမှုကွန်ရက်ပေါ်မှ ရေးသားခဲ့မှုနဲ့ပတ်သက်လို့ ပီယာဘတ် ကို တရားစွဲခဲ့တာဖြစ်တယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
ပီယာဘတ် တရားရုံးကို ရောက်လာချိန်မှာ ဒါဇင်နဲ့ချီတဲ့ ထောက်ခံသူတွေက ပန်းတွေပေးကာ ပြစ်မှုတစ် ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ ဘုရင်ကိုစော်ကားရင် အရေးယူနိုင်တဲ့ဥပဒေကို ဖျက်သိမ်းပေး ဖို့ တောင်းဆိုထားတဲ့ စာတန်းတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။
ထိုင်းနိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်က မကြာသေးမီနှစ်တွေအတွင်း ဝေဖန်မှုတွေ ပိုကြုံတွေ့လာခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ပွင့်လင်းမြင်သာရှိဖို့နဲ့ တာဝန်ခံဖို့တောင်းဆိုတဲ့ မကြုံစဖူး ဆန္ဒပြလှုပ်ရှားမှုတစ်ရပ် ရှိခဲ့ပါ တယ်။
အာဏာသိမ်းခေါင်းဆောင်မှ ဝန်ကြီးချုပ်ဖြစ်လာသူ ပရာယွပ်ချန်အိုချာက အဲဒီဥပဒေကို ကာကွယ်ပေးခဲ့ ပြီး သက်ဦးစံပိုင်စနစ်ကို ကာကွယ်ပေးခြင်းက အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ကိစ္စတစ်ခု ဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတစ်ဦးက သက်ဦးဆံပိုင်စနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုတာဟာ စစ်တပ်ကရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ထိုင်းဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးက ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ပြန် ပြီးနောက် အဲဒီဥပဒေအရ စွဲချက်တင်ခံရသူ ၄၀ ကျော် ရှိလာခဲ့ပါတယ်။
ကိုးကား – သည်စထရိတ်တိုင်းမ်
Ref; Thai police charge ex-lawmaker with insulting monarchy in tweet

Leave a Reply

Your email address will not be published. Required fields are marked *