ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၀ ရက်

မြန်မာစစ်ကောင်စီဟာ အင်အားချိနဲ့လာခဲ့ပြီး မြန်မာပြည်သူတွေအတွက် ပြဿနာတွေ ပိုဖန်တီးလာခဲ့ တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးသံတမန် သောမတ်တွမ်အန်ဒရူးက ပြောပါတယ်။

အောက်တိုဘာလနောက်ပိုင်း မြန်မာစစ်ကောင်စီဟာ လက်နက်ချ သို့မဟုတ် ဘက်ပြောင်းခိုလှုံသူ ၄၀၀၀ ကို ဆုံးရှုံးခဲ့ပြီး နယ်မြေစိုးပိုင်မှု ဆုံးရှုံးလာခဲ့တယ်လို့ သူက ပြောပါတယ်။

“မြန်မာစစ်ကောင်စီဟာ စစ်စခန်းတွေ၊ လက်နက်တွေ၊ နယ်မြေစိုးပိုင်မှုတွေ ဆုံးရှုံးနေပါတယ်။ ပြဿနာ က အဲလိုဖြစ်လာရင် မြန်မာစစ်ကောင်စီက ကျေးရွာတွေကို တိုက်ခိုက်ပြီး လက်တုံ့ပြန်ပါတယ်” လို့ သူက ဆိုပါ တယ်။

မြန်မာစစ်ကောင်စီ အင်အာချိနဲ့လာတာ သတင်းကောင်းဖြစ်ပေမယ့် မြန်မာပြည်သူတွေအပေါ် လက်တုံ့ ပြန်မှုက အလွန်သိသာတဲ့ ပြဿနာတစ်ခုလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒ ရူးက ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း (၃) နှစ်အတွင်း ပြည်သူ ၂ ဒသမ ၃ သန်း အိုးအိမ်စွန့်ခွာခဲ့ရပြီး ပြည်သူ ၁၈ ဒ သမ ၆ သန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေကာ ကလေးငယ် ၁၀၀၀၀ ကျော် အာဟာရပြတ်လပ်မှု ကြောင့် သေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်ကောင်စီက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အကြီးတန်း တာဝန်ရှိသူတစ် ဉီး စေလွှတ်မှုနဲ့ပတ်သက်လို့ “အခြေခံပြဿနာက မြန်မာစစ်ကောင်စီနဲ့ သူတို့လက်မှတ်ထိုးတဲ့ ဘယ်လို သဘော တူညီချက်ကိုမှ မယုံရဘူး” လို့ တွမ်အန်ဒရူးက ပြောပါတယ်။

“မြန်မာစစ်ကောင်စီက တစ်ခုခုကို သဘောတူရင် ချက်ချင်း လေသံပြောင်းပါတယ်။ မြန်မာစစ်ကောင်စီ က ဒီတစ်ရက်မှာ တစ်ခုခုကို သဘောတူရင် နောက်ရက်ကျရင် ဆန့်ကျင်ဘက် ပြုလုပ်ပါတယ်” လို့ သူက ဆက် ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ရည်မှန်းချက်က အာဏာမြဲဖို့ဖြစ်တာကြောင့် သူက တရား ဝင်မှု၊ ငွေကြေးနဲ့ စစ်လက်နက်တွေ လိုအပ်နေတယ်လို့ တွမ်အန်ဒရူးက ထောက်ပြပါတယ်။

စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက် မကျူးလွန်နိုင်အောင် နိုင်ငံတ ကာအသိုင်းအဝိုင်းက အတူတကွ ရပ်တည်ကာ စစ်ကောင်စီကို အင်အားချိနဲ့အောင်လုပ်ဖို့ အရေးကြီးတယ်လို့ သူ က ဆိုပါတယ်။

ကိုးကား – CNA
Ref; ‘Disaster on top of a disaster’: Weakening Myanmar junta using weapons on innocent civilians, says UN envoy

#Ayeyarwaddy_Times