
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ရှိ အဓမ္မ နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ ဒေ သခံအသိုင်းအဝိုင်းအတွက် ကမ္ဘာဘဏ်က ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန် ကြီး ဟာဆန်မာမွတ်က ပြောပါတယ်။
ဒေါ်လာ ၃၁၅ သန်းကို ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ထောက်ပံ့မှာဖြစ်ပြီး ဒေါ်လာ ၃၈၅ သန်းကို ကော့ ဘဇားခရိုင်ရှိ ဒေသခံလူမှုအသိုင်းအဝိုင်းအတွက် ချေးငွေအဖြစ် ထောက်ပံ့မယ်လို့ သူက ဆိုပါတယ်။
ဒါကာမြို့တော်မှာ ကမ္ဘာ့ဘဏ် ဌာနေအကြီးအကဲ အဒိုလာယီဆတ်ခ်နဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး နောက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူက အခုလို ကြေညာခဲ့တာပါ။
ကော့ဘဇားခရိုင်မှာ လက်ရှိ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းခန့် ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာအများစုဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ အကြမ်း ဖက်နှိမ်နင်းမှုကြောင့် ထွက်ပြေးလာခဲ့သူတွေဖြစ်ပါတယ်။
ယူဂန္ဓာနိုင်ငံမှာ မကြာသေးမီက ကျင်းပခဲ့တဲ့ ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးဆွေးနွေးပွဲရဲ့ ဘေးပန်းအ စည်းအဝေးမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဟာဆန်မာမွတ်က ပြောပါ တယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ဆောင်ရွက်ဖို့နဲ့ပတ်သက်လို့ မြန်မာနိုင်ငံဘက်က အကောင်းမြင်မှုရှိနေဆဲ ပဲလို့ သူက ဆိုပါတယ်။
ကိုးကား – Anadolu
Ref; World Bank to provide $700M for Rohingya, host communities in Bangladesh