မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး အာဏာသိမ်းယူခဲ့သည့် စစ်ခေါင်းဆောင်မှ ရှမ်းမြောက်တွင် မြို့နယ်နှင့် စခန်းများအသိမ်းခံရပြီးနောက် ဒီမိုကရေစီကို ဖြတ်လမ်းနည်းဖြင့် ကြိုးစားနေကြောင်း နှုတ်မှထုတ်ဖော်ပြောဆိုလာသည်။

စစ်‌ကောင်စီက နယ်မြေမျာစဆုံးရှုံးခဲ့သည့် ရှမ်းမြောက်ဒေသတွင် ဒီမိုကရေစီနည်းလမ်းအတိုင်း သွား ရန်လိုအပ်ပြီး အာဏာကိုဥပဒေနှင့်အညီ ရယူဖို့မလုပ်ဘဲ ဖြတ်လမ်းနည်းဖြင့် အာဏာရဖို့ကြိုးပမ်းနေကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ စစ်ကောင် စီ၏ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်ရှိသည့် တပ်ရင်း၊ တပ်ဖွဲ့နှင့် တပ်မိသားစုများကို တွေ့ဆုံချိန်တွင် ယခုကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့အနေနှင့် ပြည်သူများလိုလားနေသည့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး ရှမ်းမြောက်ဒေသတွင် လည်း ဒီမိုကရေစီကျင့်စဉ်နှင့် နည်းလမ်းများကို လေး စားလိုက်နာရန် လိုအပ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲအတွက် အကြိုလုပ်ငန်းများပြီးစီးပါက ရွေးကောက်ပွဲကျင်းပပေးပြီး ထွက်ပေါ်လာသည့်အစိုး ရကို အာဏာလွှဲပေးရန် ဦးတည်ဆောင်ရွက်နေသည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် တပ်ဖွဲ့၀င်တစ်ဦးချင်းအနေဖြင့် ကာကွယ် ရေးအတွက် အဆင်သင့်ဖြစ်နေရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

အလားတူပင် ပြီးခဲ့သည့် ဇန်ဝါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးအထိမ်း အမှတ်သ၀ဏ်လွှာဖတ်ကြားရာတွင်လည်း စစ်ခေါင်းဆောင်က တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးခွင့်ရရှိစေရန် ဆောင် ရွက်သွားမည်ဟု ပြောကြားခဲ့သလို အနိုင်ရအစိုးရကို အာဏာလွှဲပြောင်းပေးသွားမည်ဟုလည်း ဆိုသည်။

ယခုလာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်း အစိုးရသက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ‌ထပ်မံ၍ စစ်ကောင်စီအနေဖြင့် သက်တမ်းခြောက်လ ထပ်တိုးရန်မဖြစ်နိုင်ကြောင်းနှင့် ထပ်တိုးပါကလည်း အလွန် အရှက်မဲ့သည့် လုပ်ရပ်ဖြစ်ပြီး စစ်ခေါင်းဆောင်အနေ ဖြင့် အာဏာလွှဲပြောင်းပေးမည့် လုပ်ငန်းစဉ်များလုပ် ဆောင်ထားခြင်းမရှိကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူတစ်ဦးက ပြောသည်။

#ဒီမိုက‌ရေစီ#ကျင့်သုံးရန်#စစ်ခေါင်းဆောင်#ဗိုလ် ချုပ်မှူးကြီး#မင်းအောင်လှိုင်#နတခ#ပုသိမ်#တပ် ရင်း#တပ်မိသားစု#တွေ့ဆုံ

#Ayeyarwaddy_Times