ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ စစ်လက်နက်တွေ ရောင်းချမှုကို လက်တုံ့ပြန်မှုအဖြစ် အမေရိကန် စစ် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၅ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက အမေရိကန် စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၅ ခုအပေါ် ဒဏ်ခတ်အရေးယူကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ရောင်းချမှုနဲ့ တရုတ်ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုတွေက တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ဆိုးရွားစွာ ထိခိုက်စေပြီး ထိုင်ဝမ် ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အမေရိကန်ရဲ့လုပ်ရပ်တွေကို အပြင်းအထန် ကန့်ကွက်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အရေးယူမှုအစီအမံက ပြည်ပဒဏ်ခတ်ပိတ်ဆို့မှုဉပဒေနဲ့အညီဖြစ်ပြီး BAE Systems Land and Armaments နဲ့ အခြား အမေရိကန်ကုမ္ပဏီ ၄ ခုကို ပစ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဒဏ်ခတ်အရေးယူမှုအရ တရုတ်နိုင်ငံရဲ့ အမေရိကန်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကာ တ ရုတ်နိုင်ငံရဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို အမေရိကန်ကုမ္ပဏီတွေနဲ့ ငွေကြေးအလွှဲအပြောင်းပြုလုပ်တာ၊ ပူး ပေါင်းဆောင်ရွက်တာ မလုပ်ဖို့ ပိတ်ပင်ထားပါတယ်။

အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်တွေရောင်းချမှုကို ကန့်ကွက်ဖို့ တရုတ်နိုင်ငံဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အကြိမ်ကြိမ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အမေရိကန် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေအပေါ် ဒဏ်ခတ်အရေးယူမှုဟာ ထိုင် ဝမ် သမ္မတရွေးကောက်ပွဲကျင်းပဖို့ တစ်ပတ်ခန့်အလိုမှာ အမေရိကန်နိုင်ငံအပေါ် အပြန်အလှန်ထိန်းကျောင်းမှုအ ဖြစ် ရှုမြင်ကြပါတယ်။

ကိုးကား – NHK
Ref; China to sanction 5 US defense industry firms over arms sales to Taiwan

#Ayeyarwaddy_Times