
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
ပုသိမ်အကျဉ်းထောင်မှ အကျဥ်းသားများကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးရာတွင် ဧရာ၀တီတိုင်း အစိုးရအဖွဲ့မှ လူမှုရေး၀န်ကြီး ဒေါက်တာလှမြတ်သွေးပါ၀င်ကြောင်း အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူများထံမှသိရှိရသည်။
“ဧရာ၀တီတိုင်းအစိုးရ၀န်ကြီးတွေမှာသူတစ်ယောက်ပဲ ပုသိမ်ထောင်မှာ ပုဒ်မ၅၀၅(ခ)နဲ့တစ်မှုထဲပဲ စွဲပြီးထောင် နှစ်နှစ်ချထားတာ “ ဟု အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒေါက်တာလှမြတ်သွေးသည်စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ၁ရက်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌ ၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၊ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ငါးဦးနှင့်အတူ တိုင်းလွှတ်တော်၀န်းတွင် အကျယ်ချုပ်အဖြစ် နှစ်နှစ်နီးပါးဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။
အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသောအစိုးရ အဖွဲ့၀င်များကို၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းတစ်ဦးချင်းခွဲကာ လွှတ်ပေးခဲ့ပြီး ဒေါက်တာလှမြတ်သွေးတစ်ဦးကိုသာ ဇန်နဝါရီလ၃၀ရက်နေ့ကပုသိမ်ထောင်တွင်းတရားရုံးမှ ၅၀၅(ခ)ပုဒ်မဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်းသိရှိရသည်။
ယနေ့ကျရောက်သည့် လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းကျခံနေရသူ ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် လွတ်နီး နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာကြောင်း သိရသည်။
#ဧရာ၀တီတိုင်းအစိုးရအဖွဲ့၀န်ကြီး #ဒေါက်တာလှမြတ်သွေး #ပုသိမ်အကျဉ်းထောင် #ပြန်လည်လွတ်မြောက် #Ayeyarwaddy_Times