ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

တရုတ်နဲ့မြန်မာနိုင်ငံတွေက ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က သဘောတူထားတဲ့အတိုင်း တရုတ်နိုင်ငံပိုင် Citic Group က ရေနံတင်သွင်းဖို့ အစားထိုး လမ်းကြောင်းတစ်ခုအဖြစ် တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်ကို ဝင်ခွင့်ရရှိစေမယ့် ကျောက်ဖြူရေနက်ဆိပ် ကမ်း တည်ဆောက်ရေးစီမံကိန်းမှာ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်မယ်လို့ သိရပါတယ်။

အင်္ဂါနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို Citic မှ ထိပ်တန်းအမှုဆောင်တွေ၊ တရုတ်သံတမန်တွေနဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအပြင် တရုတ်-မြန်မာ စီး ပွားရေးစင်္ကြံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို နှစ်နိုင်ငံကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု မှာ အလွန် အရေးပါတယ်လို့ Citic Group ရဲ့ ဉက္ကဌ ရှီဂူဟွာက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်း ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ကြေးရှိ ရေနက်ဆိပ်ကမ်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါ တယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပေကျင်းမြို့ တော်အခြေစိုက် Citic Group ကို ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေ ဖော်ဆောင်ဖို့ ၂၀၁၅ ခုနှစ်မှာ ရွေးချယ်ခဲ့ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ အိန္ဒိယသမုဒ္ဒရာအထိ ရထားလမ်း၊ ကား လမ်း၊ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေ ပါဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အရေးပါသော အစိတ်အပိုင်းတစ် ခုလည်း ဖြစ်ပါတယ်။

ကိုးကား – South China Morning Post
Ref; China, Myanmar revive hopes for Bay of Bengal deep water port in Kyaukphyu under Belt and Road Initiative

#Ayeyarwaddy_Times