ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီ ၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းနှင့် ခမရ-၅၈၃ တပ်ရင်း တို့ကို ယမန်နေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၆ နာရီ ဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးမြို့ အခြေစိုက် စစ်ကောင်စီ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ တပ်ရင်း နှစ်ရင်းကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ခိုက်ချိန် ၁ နာရီ ဝန်းကျင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး ဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သော်လည်း ဒရုန်း နှစ် စင်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

တပ်ရင်းနှစ်ရင်းကို တိုက်ခိုက်ခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် ရေးမြို့အဝင်မှ ကျောင်းရွာ အထိ လမ်းမကြီးတစ်လျှောက်ကို ၆ နာရီကျော်ကြာ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို YGF-ရေးပြောက်ကျားတပ်(ဒေါနစစ်ကြောင်းတပ်ခွဲ-၃)၊ ဒေါနစစ် ကြောင်း၊ MSRF၊ ABSDFတပ်ရင်း-၁၊ MSRO၊ YAF မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – MSRF
#ရေး #ကျောင်းရွာအခြေစိုက်တပ်ရင်း #ခမရ၅၉၁ #ခမရ၅၈၃ #တိုက်ခိုက်ခံရ #Ayeyarwaddy_Times