
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ဂျပန်နိုင်ငံက ယူကရိန်းသို့ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် ထောက်ပံ့မယ့်အစီအစဉ် က ရုရှား-ဂျပန် ဆက်ဆံရေးအတွက် စိုးရိမ်ဖွယ်အကျိုးဆက်တွေ ရှိလာမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသမီး မာရီယာဇာခါရိုဗာက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းသို့ ထောင်ပေါင်းများစွာသောတပ်ဖွဲ့တွေ စေလွှတ် ပြီးနောက်ပိုင်း မော်စကိုနဲ့တိုကျိုးကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။ ဂျပန်နိုင်ငံက အနောက်နိုင်ငံတွေနဲ့ ပူး ပေါင်းကာ ရုရှားနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လက်နက်တင်ပို့မှု ကန့်သတ်ချက်တွေ ပြင်ဆင်ပြီးနောက် အမေရိကန်နိုင်ငံသို့ ပက်ထရီးယော့ လေ ကြောင်းရန်ကာကွယ်ရေးစနစ် တင်ပို့ဖို့ပြင်ဆင်မယ်လို့ ဂျပန်နိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ လက်နက်တင်ပို့မှုဉပဒေအရ စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းပြည်များသို့ စစ်လက်နက်တွေတင် ပို့တာ ပိတ်ပင်ထားပေမယ့် အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်ရေးအကူအညီ ပိုမိုပေးအပ်နိုင်ဖို့ တိုက်ရိုက်မဟုတ် သောနည်းလမ်းနဲ့ ယူကရိန်းကို ကူညီနိုင်ပါတယ်။
“ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံကို ပေးပို့မယ့် ပက်ထရီးယော့ဒုံးခွင်းစနစ်ဟာ ယူကရိန်းနိုင်ငံကို ရောက်ရှိ မှာဖြစ်ပါတယ်” လို့ ဇာခါရိုဗာက အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံသို့ ပက်ထရီးယော့ဒုံးခွင်းစနစ် ပေးပို့တာ ရုရှားနိုင်ငံအပေါ် ရန်လိုသောလုပ် ရပ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ စိုးရိမ်ဖွယ်ရာ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်လို့ သူက ဆိုပါတယ်။
ဒီလအစောပိုင်းမှာ ပိုင်နက်နယ်မြေအတွင်း တရုတ်နဲ့ ရုရှားဗုံးကြဲလေယာဉ်တွေရဲ့ ပူးတွဲပျံသန်းမှုတွေကို စောင့်ကြည့်ဖို့ ဂျပန်နဲ့တောင်ကိုရီးယားက ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ Northern Territories လို့ ခေါ်ဆိုပြီး ရုရှားမှာ Southern Kuriles လို့ ခေါ်ဆိုတဲ့ ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းစုအပါအဝင် ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေကြောင့် ဒုတိယကမ္ဘာစစ်တွင်း ရန်လိုမှုတွေ ကို တရားဝင် အဆုံးသတ်မယ့် သဘောတူစာချုပ်ကို ရုရှားနဲ့ဂျပန်က လက်မှတ်မထိုးရသေးပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးမှာ ဆိုဗီယက်ပြည်ထောင်စုက ဂျပန်နိုင်ငံထံမှ သိမ်းယူခဲ့တဲ့ အဆိုပါကျွန်းစုအပေါ် ရုရှားစစ်တပ်ရဲ့ အင်အားတိုးချဲ့ဖြန့်ကြက်မှုနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Russia warns Japan over providing Patriot air defence systems to Ukraine