ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်မယ့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် စင်တာတစ်ခု တည်ဆောက်မယ့် စိတ်ကူးကို နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း အန္တရာယ်များသော အခြေအနေတွေနဲ့ပတ်သက်တဲ့သတင်းတွေ ကြားရပြီးနောက် နိုင်ငံ ခြားရေးဝန်ကြီးဌာနဟာ ဒုက္ခသည်အကူအညီပေးရေးစင်တာ တည်ဆောက်ဖို့ မြန်မာစစ်ကောင်စီဝန်ကြီးနဲ့ ဆွေး နွေးမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပန်ဖရီးဘာဒီဒါနူကာရာက ပြောကြားခဲ့ပါတယ်။

“ထိုင်းနိုင်ငံက မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၄၀၀ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် မြန်မာဒုက္ခသည် တွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အကူအညီပေးရေးစင်တာ တည်ဆောက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြောင့် ဘေးသင့်ခဲ့ တဲ့ ပြည်သူတွေအတွက် ဆေးဝါးနဲ့ အစားအသောက်တွေ ပို့ဆောင်နိုင်မယ့် လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုနိုင် မယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဟာ လက်ရှိမှာ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ ဆွေးနွေး မှုတွေ ပြုလုပ်နေပြီး အကြံဉာဏ်ကို မူအားဖြင့် သဘောတူခဲ့ပေမယ့် ထပ်မံ ဆွေးနွေးဖို့ လိုအပ်တယ်လို့ သူက ဆို ပါတယ်။

ထိုကိစ္စကိုဆွေးနွေးဖို့ မြန်မာစစ်ကောင်စီက နောက်လအစောပိုင်းမှာ ထိုင်းနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့လည်း သူက ပြောပါတယ်။

အနာဂတ်မှာ ထိုင်းနိုင်ငံတွင်းသို့ ဒုက္ခသည်တွေ ထပ်မံဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းမယ့် အစီအ မံတွေကိုလည်း နှစ်နိုင်ငံစလုံးက ဆွေးနွေးကြဖို့ မျှော်မှန်းရတယ်လို့ သူက ဆိုပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အဖွဲ့အစည်းအားလုံးကြား တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားတဲ့ အာ ဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ဖို့ ထိုင်းနိုင်ငံအတွက် အချိန်ကျရောက်ပြီလားဆိုပြီး မေး မြန်းရာမှာ ထိုင်းနိုင်ငံက အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို ထောက်ခံဆဲပဲလို့ ပန်ဖရီးဘာဒီဒါနူကာရာက ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာနဲ့ ကောင်းမွန်သောဆက်ဆံရေး ထိန်းသိမ်းထားပေမယ့် အာဆီယံအဖွဲ့ဝင်ဖြစ်တာ ကြောင့် ထိုင်းအစိုးရက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်လို့မရဘူးလို့ သူက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; New centre ‘can handle’ refugee flood

#Ayeyarwaddy_Times