
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
အဓမ္မ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်သန်းကျော် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးအတွက် ဩ စတြေးလျနိုင်ငံက ဒေါ်လာ ၂၃၅ သန်း ထောက်ပံ့မယ်လို့ သိရပါတယ်။
ရာထူးပြီးဆုံးသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဩစတြေးလျကော်မရှင်နာမင်းကြီး ဂျရီမီဘရူယာက ဒါကာမြို့တော်မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့တွေ့ဆုံစဉ် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ငွေကြေးအ ကူအညီပေးဖို့ ကတိပြုခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးအတွက် ဩစတြေးလျနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပံ့ပိုးကူညီမယ်လို့ ဂျရီမီဘရူယာက ပြောပါတယ်။
အိုးအိမ်စွန့်ခွာ ရိုဟင်ဂျာတစ်သန်းကျော် မိခင်နိုင်ငံမြန်မာသို့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ဖို့ ဩစတြေးလျ နိုင်ငံက ဒေါ်လာ ၂၃၅ သန်း ထောက်ပံ့မယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှ နေရပ်ရှောင် ရိုဟင်ဂျာတစ်သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာမြို့ရဲ့ အ ရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာ ကော့ဘဇားခရိုင်မှာ ခိုလှုံလျက်ရှိပါတယ်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ ၆၅၀၀၀၀ ဝန်း ကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာရတဲ့ ရိုဟင်ဂျာ ၂၃၀၀၀ ရှိတယ်လို့ ကုလ သမဂ္ဂရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ငွေကြေးအကူအညီ ဒေါ်လာ ၂၃၅ သန်း ပေးအပ်မယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ဒီဇင်ဘာလ ၁၆ ရက်မှာ ကြေညာခဲ့ပါတယ်။
ကိုးကား – The Sun
Ref; Australia to provide US$ 235 mln for Rohingya repatriation: Envoy