
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
တရုတ်နိုင်ငံက ထိုင်ဝမ်အပေါ် စစ်ရေးဖိအားပေးမှု တိုးမြှင့်လုပ်ဆောင်နေချိန်မှာ ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။
ထိုင်ဝမ်သို့ စစ်လက်နက်တွေ၊ ဆက်သွယ်ရေးကိရိယာတွေ ရောင်းချမယ့်ဆုံးဖြတ်ချက်ကို ကွန်ဂရက်သို့ အကြောင်းကြားခဲ့တယ်လို့ အမေရိကန်အစိုးရက ဒီဇင်ဘာလ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။
ကွန်ဂရက်သို့ အကြောင်းကြားခဲ့တဲ့ ဆုံးဖြတ်ချက်အရ အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ နည်းပညာအကူအ ညီလည်း ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံကရောင်းချမယ့် စစ်လက်နက်တွေ၊ ဆက်သွယ်ရေးကိရိယာတွေက ထိုင်ဝမ်စစ်တပ်ရဲ့ ကွပ်ကဲ၊ ထိန်းချုပ်ရေးစွမ်းရည်တွေကို တိုးတက်စေယုံသာမက လက်ရှိနဲ့ အနာဂတ်ခြိမ်းခြောက်မှုတွေကို ဖြည့် ဆည်းပေးနိုင်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
စစ်လက်နက်ရောင်းချမှု အကောင်အထည်ဖော်ဆောင်မှုဟာ အင်ဂျင်နီယာနဲ့ နည်းပညာပံ့ပိုးကူညီမှု ထောက်ပံ့ပေးဖို့ အစိုးရတာဝန်ရှိသူ ၂၆ ဉီးရဲ့ ထောက်ခံချက် လိုအပ်မယ်လို့ သိရပါတယ်။
ထိုင်ဝမ်သို့ စစ်လက်နက်တွေ ရောင်းချမယ့်အစီအစဉ်က လာမယ့်နှစ် ဇန်နဝါရီလ ၁၃ ရက် သမ္မတရွေး ကောက်ပွဲမတိုင်မီ ထိုင်ဝမ်ရဲ့လုံခြုံရေးအတွက် အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်ကို ပြသတာလဲဖြစ်ပါတယ်။
ကိုးကား – NHK
Ref; US approves arms sale worth 300 million dollars to Taiwan