ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

ယူကရိန်းစစ်ပွဲမှာ လက်ရှိအချိန်ထိ ရုရှားတပ်ဖွဲ့ဝင် ၃၁၅၀၀၀ ဦးခန့် ကျဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ရာ ပဋိပက္ခစတင်ပြီးနောက်ပိုင်း ယူကရိန်းမှာ တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့ အစီ ရင်ခံစာတစ်ခုက ဖော်ပြပါတယ်။

ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို တပ်ဖွဲ့ဝင် ၃၆၀၀၀၀ နဲ့ ကျူးကျော်တိုက်ခိုက်မှု စတင် ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာက ဖော်ပြပါတယ်။

“ဆုံးရှုံးမှုများပြားတာကြောင့် ရုရှားနိုင်ငံက ရေရှည်တိုက်ပွဲဝင်နိုင်ဖို့ အထူးအစီအမံတွေ လုပ်ဆောင်ခဲ့ရပါ တယ်။ ရုရှားနိုင်ငံဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ တပ်ဖွဲ့ဝင် ၃၀၀၀၀၀ ဆင့်ခေါ်ခဲ့သလို ရာဇဝတ်သားတွေ၊ သက်ကြီး အရပ်သားတွေကို တပ်သားသစ်အဖြစ် စုဆောင်းဖို့ ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့ရတယ်” လို့ အစီရင်ခံစာက ဖော်ပြပါ တယ်။

ရုရှားက ယူကရိန်းကျူးကျော်စစ်ကို တင့်ကား ၃၁၀၀ နဲ့ စတင်ခဲ့ပေမယ့် တင့်ကား ၂၂၀၀ ဆုံးရှုံးခဲ့ရာ ၁၉၇၀ ပြည့်နှစ်တွေမှာ ထုတ်လုပ်ခဲ့တဲ့ T-62 တင့်ကားတွေ အင်အားဖြည့်တင်းခဲ့ပေမယ့် စစ်မြေပြင်မှာ တင့်ကား ၁၃၀၀ မျှသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်ကို ဒီဇင်ဘာလ ၁၃ ရက်က ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ရာ လူ ၅၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပြီးနောက် အခုအစီရင်ခံစာ ထုတ် ပြန်တာပါ။

ဗုဒ္ဓဟူးနေ့မနက် ၃ နာရီက ကိယက်ဗ်မြို့တော်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းကို ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။

ဒုံးကျည်အစိတ်အပိုင်းတွေ လွင့်စင်ကျလာတကြောင့် ပြည်သူအချို့ ဒဏ်ရာရရှိတာတွေ ဖြစ်ပေါ်ခဲ့ပြီး အ ဆောက်အဦး ၃၅ ခု ထိခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားကျူးကျော်မှုကို ဆက်လက် တွန်းလှန်နိုင်ရေး ယူကရိန်းသို့ ထပ်တိုး စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၀၀ ပေးအပ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်နိုင်ငံရဲ့ အကူအညီတွေပိုရဖို့ အိမ်ဖြူတော်ကို လာရောက်ကာ ကွန်ဂရက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ဂျိုးဘိုင်ဒင်က အခုလို စစ်ရေးအကူအညီပေးဖို့ ကြေညာခဲ့တာပါ။

ကိုးကား – Fox News
Ref; Ukraine-Russia war: Putin’s army has suffered 315,000 casualties, report says

#Ayeyarwaddy_Times