
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂ ရက်
ယူကရိန်းနိုင်ငံမှာ မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ရုရှားဗိုလ်ချုပ်ကြီးတစ်ဉီး သေဆုံးခဲ့တယ်လို့ ရုရှားသမ္မတရုံးလိုလားတဲ့ သတင်းရင်းမြစ်အများအပြားက ပြောကြားပြီး ရုရှားစစ်တပ်က မိုင်းထောင်ခဲ့တာ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်နေတယ်လို့ သိရပါတယ်။
အသက် ၄၅ နှစ်အရွယ် ဗိုလ်ချုပ် ဗလာဒီမာဇာဗတ်စကီးဟာ သေဆုံးချိန်မှာ ရုရှားစစ်တပ်ရဲ့ အမှတ် ၁၄ တပ်မမှူးဖြစ်တယ်လို့ အဆိုပါသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း သေဆုံးခဲ့တဲ့ ရုရှားဗိုလ်ချုပ် ကြီး ၆ ဉီးထက်မနည်း ရှိလာခဲ့ပြီလို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တုံ့ပြန် မှု မရှိခဲ့ပါဘူး။
ဗိုလ်ချုပ် ဗလာဒီမာဇာဗတ်စကီးဟာ ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းက သေဆုံးခဲ့တာလို့ သတင်းတွေက ဖော်ပြ ပါတယ်။ အဆိုပါဖြစ်စဉ်က ဘယ်နေရာမှာ ဖြစ်ပျက်ခဲ့တာဆိုတာ ရှင်းလင်းစွာ မသိရပေမယ့် သူ့ရဲ့တပ်ဖွဲ့ဟာ မိုင်း ပေါက်ကွဲချိန်မှာ ခါဆင်ဒေသမှာ ရောက်ရှိနေတယ်လို့ ယူဆရပါတယ်။
ဗိုလ်ချုပ် ဗလာဒီမာဇာဗတ်စကီးဟာ လက်ရှိရာထူးမှာ တာဝန်မထမ်းဆောင်ခင် မော်စကိုမြို့ပြင်မှာ အ ခြေစိုက်တဲ့ အထူးတင့်ကားတပ်မရဲ့ တပ်မှူးဖြစ်ပါတယ်။ ဗိုလ်ချုပ် ဗလာဒီမာဇာဗတ်စကီး သေဆုံးတဲ့သတင်းသာ အတည်ပြုနိုင်ပါက သူဟာ ယူကရိန်းစစ်ပွဲအတွင်း သေဆုံးတဲ့ ၇ ဉီးမြောက် ရုရှားဗိုလ်ချုပ်ကြီး ဖြစ်လာမှာဖြစ်ပါ တယ်။
ယူကရိန်းစစ်ပွဲ ပထမ ၄ လအတွင်း ရုရှားဗိုလ်ချုပ်ကြီး ၄ ဉီး သေဆုံးခဲ့ပြီး ဒီနှစ်နွေရာသီမှာ နောက်ထပ် ၂ ယောက် သေဆုံးခဲ့ပါတယ်။ အထင်ရှားဆုံးဖြစ်စဉ်မှာ ယူကရိန်းတောင်ပိုင်းက အသိမ်းပိုက်ခံ Berdyansk ဒေသရှိ ရုရှားတပ်မှူးတွေ တည်းခိုတဲ့ ဟိုတယ်တစ်ခု တိုက်ခိုက်ခံရမှုမှာ ဒုတိယဗိုလ်ချုပ်ကြီး အိုလက်ဗ်ဆိုကော့ဗ် သေဆုံး ခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ဆောင်းရာသီကာလအတွင်း အခြေခံအဆောက်အအုံတွေအပေါ် ရုရှားရဲ့ တိုက် ခိုက်မှုကို ရင်ဆိုင်နေရပြီး အမေရိကန်က ယူကရိန်းကို ဆက်လက်ပြီး ကူညီမယ်လို့ အမျိုးသားလုံခြုံရေး ပြောရေး ဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။
ကိုးကား – BBC
Ref; Ukraine: Russian general ‘blown up on mine’