
ဧရာဝတီတိုင်းမ်
(လိုင်လင်းပီ)၊ နိုဝင်ဘာ ၂၄ ရက်
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် မတူပီခရိုင်၊ လိုင်လင်းပီမြို့ကို ချင်းအမျိုးသား တပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
“အလံဖြူထောင်ပြီးတော့ မနက်စောစောမှာ စက်လှေနဲ့ အကုန်ထွက်ပြေးကြတာ။ စခန်းထဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ အလောင်းတလောင်းတွေ့တယ်။ အခုနယ် မြေရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လိုင်လင်းပီမြို့ကို ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ် ရေးတပ်ဖွဲ့(မရာ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)၊ ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့(လောက်တူ)တို့က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းကို ပိတ်ဆို့ရာမှ ယနေ့ နံနက်ပိုင်းတွင် အလွယ်တကူသိမ်းပိုက်နိုင် ခြင်းဖြစ် သည်။
ပုံစာ-လိုင်လင်းပီမြို့ မြင်ကွင်း
#Breaking_News #မတူပီခရိုင် #လိုင်လင်းပီမြို့ #ချင်းကာကွယ်ရေးပူးပေါင်းတပ် #သိမ်းပိုက် #Ayeyarwaddy_Times