
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်
၂၀၂၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံအတွက် ယူရို ၂ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်ဖို့ နယ်သာ လန်အစိုးရက ကြိုတင်လျာထားခဲ့ရာ ရုရှားရဲ့ကျူးကျော်မှုကို ခုခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် မဆုတ်မနစ်သော ပံ့ပိုးကူညီမှုလက္ခဏာတစ်ခုဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ကက်ဂျ်ဆာသိုလွန်းရန်က ပြောပါတယ်။
ဒါဟာ လာမယ့်နှစ်မှာ နယ်သာလန်က ယူကရိန်းသို့ပေးအပ်မယ့် အကူအညီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လိုအပ်ရင် အကူအညီပေးမှု တိုးမြှင့်သွားမယ့် ယူရို ၁၀၂ သန်းတန်ကြေးရှိ ပြန်လည်တည်ဆောက်ရေးနဲ့ လူသား ချင်းစာနာမှု အကူအညီလည်း ပါဝင်ပါတယ်။
ယခုအကူအညီ အပါအဝင် ရုရှားကျူးကျော်စစ်ပွဲကာလအတွင်း နယ်သာလန်နိုင်ငံရဲ့ ယူကရိန်းသို့ ပေး အပ်တဲ့ ငွေကြေးအကူအညီဟာ စုစုပေါင်း ယူရို ၇ ဒသမ ၅ ဘီလီယံဝန်းကျင် ရှိလာပြီလို့ ကက်ဂျ်ဆာသိုလွန်းရန်က ဆိုပါတယ်။
“ကျွန်မအတွက် အရေးကြီးဆုံးကတော့ နယ်သာလန်နိုင်ငံက လာမယ့်နှစ်မှာ ယူကရိန်းကို စစ်ရေးအကူအ ညီ ယူရို ၂ ဘီလီယံ ထပ်တိုးအကူအညီ ပေးမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
“ဒီစစ်ရေးအကူအညီက ယူကရိန်းနိုင်ငံအတွက် ကျွန်မတို့ရဲ့ ပံ့ပိုးကူညီမှုဖြစ်ပြီး ယူကရိန်းနိုင်ငံအတွက် အရေးကြီးပါတယ်” လို့ အာဏာရ ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ အခင်းအကျင်းကို ပြောင်းလဲစေမယ့် နယ်သာလန်နိုင်ငံ မှာ နိုဝင်ဘာလ ၂၂ ရက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို ရည်ညွှန်းပြီး သူက ပြောပါတယ်။
နယ်သာလန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကို ယူကရိန်းနိုင်ငံရဲ့ လိုအပ်ချက်အပေါ် အခြေခံပြီး ထောက်ပံ့မှာဖြစ်ပြီး ခေတ်မီ မောင်းသူမဲ့လေယာဉ်တွေ ပါဝင်မယ်လို့ သူက ဆက်ပြောပါတယ်။
နယ်သာလန်၊ ဒိန်းမတ်နဲ့ အခြား နေတိုးမဟာမိတ်တွေက ယူကရိန်း လေယာဉ်မှူးတွေအတွက် F-16 လေ့ ကျင့်ရေးစင်တာတစ်ခု ထူထောင်ပြီးနောက် လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ခဲယမ်းမီးကျောက်နဲ့ လေတပ်အ ကူအညီက အဓိက ဉီးစားပေးတစ်ခုအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Dutch to deliver additional $2.2 billion in military aid to Kyiv in 2024 -defence minister