ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၈ ရက်

ကြာသပတေးနေ့ကပြုလုပ်တဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်ကမ်းတက်တပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုအား မီဒီယာတွေကို ကြည့်ရှုခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က တရုတ်နိုင်ငံက ပိုပြီး ရန်လိုလာတဲ့ တောင်တရုတ်ပင်လယ်အနီး ကမ်းရိုးတန်းဒေသတွေကို စောင့်ကြပ်ဖို့ဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဖိလစ်ပိုင်ကျွန်းအနီးမှာ ပူးတွဲ ရေ တပ်ဆိုင်ရာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။

မီဒီယာအဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့က ပလာဝမ်ကျွန်းအနီးမှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခု ကို လေ့လာခဲ့ပါတယ်။

ဖိလစ်ပိုင်နဲ့အမေရိကန်စစ်တပ်မှ တပ်ဖွဲ့ဝင် ၁၀၀ ခန့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပြီး ကမ်းခြေက နေ ရန်သူရဲ့ ကျူးကျော်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ ပုံစံတူလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ကမ်းတက်တပ်ဖွဲ့က ရန်သူ့ရေယာဉ်တစ်စင်းရဲ့ တည်နေရာကိုဖော်ပြဖို့ မောင်းသူမဲ့လေယာဉ် ငယ်တစ်စင်း တည်ဆောက်ခဲ့ပြီး ဖိလစ်ပိုင်တပ်ဖွဲ့က အဆိုပါရေယာဉ်ရဲ့တည်နေရာနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်နဲ့ သ တင်းအချက်အလက်တွေကို ရရှိခဲ့တဲ့ ပုံစံတူလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

နှစ်နိုင်ငံကမ်းတက်တပ်ဖွဲ့တွေက ကုန်းရေနှစ်သွယ်မောင်းနှင်နိုင်တဲ့ယာဉ်တွေ ဖြန့်ကြက်ပြီး အခြေအနေ ကို လက်တုံ့ပြန်တဲ့လေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတက်ဒိုရိုဟာ ဗုဒ္ဓဟူးနေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့က လျှို့ဝှက်သတင်းအချက်အလက်တွေ မျှဝေမှု စတင်နိုင်မယ့် ၂ နိုင်ငံ ကြား စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက် မျှဝေရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးရေး အရှိန်မြှင့်လုပ်ဆောင်ဖို့ နှစ်ဉီးစလုံးက အတည်ပြုခဲ့ပါတယ်။

ကိုးကား – NHK
Ref; Philippines, US holding joint marine drills near South China Sea

#Ayeyarwaddy_Times