
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြား တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံးတာကို တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက် လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာတာနဲ့ တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံးရတာကို တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်က ပြောပါတယ်။
တရုတ်နိုင်ငံသားတွေ သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ရှိ မရှိကို ဝမ်ဝန်ဘင်က မပြောကြားခဲ့ ပေမယ့် တရုတ်နိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ ကန့်ကွက်မှုပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်က KIA ဌာနချုပ် လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ တရုတ်နိုင်ငံသားတစ်ဉီး သေ ဆုံးခဲ့ပြီး ၂ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံရှိ ဒေသန္တရမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လက်နက်ကြီးကျည်တစ်လုံးဟာ နှစ်နိုင်ငံနယ်စပ် တရုတ်ဘက်ခြမ်းကို ကျရောက်ခဲ့တယ်လို့ သတင်းတွေ က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ တ ရုတ်နိုင်ငံက ထပ်လောင်းပြောကြားပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းအားလုံး ချက်ချင်း အပစ်အခတ်ရပ်စဲဖို့နဲ့ တ ရုတ်နယ်စပ်ဒေသတွေမှာ အလားတူဖြစ်စဉ်တွေ ထပ်မဖြစ်စေမယ့် လက်တွေ့ကျတဲ့ အစီအမံတွေလုပ်ဆောင်ဖို့ တရုတ်နိုင်ငံက ထပ်မံ တောင်းဆိုတယ်” လို့ ဝမ်ဝန်ဘင်က ဆိုပါတယ်။
တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မယ့် လိုအပ်သော အစီအမံတွေ လုပ် ဆောင်မယ်လို့လည်း တရုတ်နိုင်ငံက သတိပေးခဲ့ပါတယ်။
ကိုးကား – AFP
Ref; Beijing ‘dissatisfied’ over China casualties in Myanmar clashes