ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်

နီပေါနိုင်ငံအနောက်မြောက်ပိုင်းမှာ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀၀ ကျော် သေဆုံး ခဲ့ပြီး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ နီပေါအာဏာပိုင်တွေက ပြောပါတယ်။

မနေ့က ဒေသစံတော်ချိန် ည ၁၂ နာရီခန့်မှာ မြေအနက် ၁၈ ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် မြေငလျင်တိုင်းတာရေးဌာနက ပြောပါတယ်။

မြေငလျင်ဟာ ပြင်းအား ၆ ဒသမ ၄ အဆင့်ပဲရှိတယ်လို့ နီပေါအာဏာပိုင်တွေက ပြောပါတယ်။ မြေငလျင် ဟာ ခတ္တမန္ဒူမြို့တော်ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာ ဂျာဂျာကော့ခရိုင်ကို ဗဟိုပြုခဲ့တာလို့ နီပေါ အာဏာပိုင်တွေက ဆိုပါတယ်။

မြေငလျင်လှုပ်ရာနေရာမှာ ရိုက်ကူးထားတဲ့ဓာတ်ပုံမှာ ဂျာဂျာကော့ရှိ ဆေးရုံတစ်ခုမှာ ခိုလှုံနေတဲ့ ကလေး ငယ်တွေနဲ့ စင်္ကြံတစ်ခုပေါ်မှာ ထိုင်နေသူတွေကို ပြသပါတယ်။

မြေငလျင်လှုပ်ခတ်ရာဒေသဟာ ဝေးလံခေါင်ဖျားဒေသဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြေပြိုမှုတွေကြောင့် မလုပ်ဆောင်နိုင်ဘဲ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို မသိရသေးဘူးလို့ သိရပါတယ်။

ကိုးကား – NHK
Ref; More than 100 killed in strong quake in Nepal

#Ayeyarwaddy_Times