ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၅ ရက်

၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်နှင့် တင့်ကားကြီးများ၊ ဟောင်၀စ်ဇာလက်နက်ကြီးများနှင့် လေယာဉ်ပစ်လက်နက်ကြီးများ အပါအ၀င် စစ်လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိခဲ့ကြောင်း ညီနောင်မဟာမိတ် အဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ နို၀င်ဘာ ၅ ရက်နေ့တွင် ကိုးကန့်တပ်မတော် MNDAA သည် မုံးကိုးခရိုင် ရှောက်ချင်းရှူဒေသရှိ စစ်ကောင်စီတပ်စခန်းကို ၁၀ မိနစ်ဖြင့် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟု သိရသည်။

တအာင်းတပ်မတော် TNLA ကလည်း နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာရှိ မန်၀င် တပ်စခန်းနှင့် ကျောက်မဲခရိုင် နမ္မတူမြို့နယ် ပန်သပြေကျေးရွာရှိ စစ်ကောင်စီတပ်စခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် တအာင်းတပ်မတော်သည် ယနေ့ နေ့လယ်ပိုင်းတွင် မန်တုံမြို့နယ် ခိုမုန်းကျေးရွာရှိ စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို အပြီးသတ်၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ကူလာသော စစ်‌ကား လေး စီးကို လားရှိုးနှင့်သန္နီကြား (၁၄-၁၅) မိုင်ကြားရှိ နမ့်တွန် ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်နှစ်လက်၊ စစ်အသုံးဆောင်ပစ္စည်းများနှင့် စစ်ကား ၄ စီးတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေး ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီထံမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် အတူတင့်ကား၊ ဟောင်၀စ်ဇာလက်နက်ကြီးများနှင့် လေယာဉ်ပစ် လက်နက်ကြီးများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-Operation 1027 – 3BHA

#ရှမ်းမြောက် #၁၀၂၇ #ညီနောင်မဟာမိတ်သုံဒဖွဲ့ #စစ်ကောင်စီတပ်စခန်း #လက်နက်ကြီး #ဟောင်၀စ်ဇာ #လေယာဉ်ပစ် #သိမ်းဆည်း #Ayeyarwaddy_Times