ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ စစ်လေယာဉ် အစင်း ၁၃၀ ပါဝင်တဲ့ ပူးတွဲလေတပ်ဆိုင်ရာ စစ်ရေး လေ့ကျင့်မှုကို ယနေ့ စတင်လိုက်ပြီဖြစ်ပါတယ်။

Vigilant Defense လို့ခေါ်တဲ့ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို သောကြာနေ့အထိ ပြုလုပ်မှာဖြစ် ပြီး အမေရိကန်နဲ့တောင်ကိုရီးယားမှ F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေအပြင် အခြားစစ်လေယာဉ်တွေ လည်း ပါဝင်မယ်လို့ တောင်ကိုရီးယားလေတပ်က ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ ဝေဟင်-မြေပြင် ကျည်အစစ်ပစ်ခတ်တဲ့လေ့ကျင့်မှု၊ တန်ပြန်လေကြောင်းစစ်ဆင် ရေးနဲ့ အရေးပေါ်လေ့ကျင့်မှုလိုမျိုး လေကြောင်းမစ်ရှင်တေွ လုပ်ဆောင်ခြင်းအားဖြင့် အမေရိကန်နဲ့ တောင်ကိုရီး ယားစစ်တပ်ကြား သတင်းအချက်အလက်တွေဖလှယ်မှု တိုးတက်လာဖို့ ရည်ရွယ်ပါတယ်။

“ရန်သူရဲ့ ဘယ်လို ရန်စမှုမျိုးကိုမဆို ချက်ချင်း လက်တုံ့ပြန်နိုင်ဖို့နဲ့ အပြင်းအထန် ပြစ်ဒဏ်ပေးနိုင်မယ့် တိုက်ခိုက်ရေးအတွက် အသင့်ဖြစ်မှုရှိဖို့ လေ့ကျင့်သွားမှာဖြစ်ပါတယ်” လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။

မြောက်ကိုရီးယားက ရုရှားနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်နေစဉ် အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲလေကြောင်းလေ့ကျင့်မှု ပြုလုပ်တာပါ။ ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့တာ ကြောင့် အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက ရုရှားထံမှ စစ်ဘက်နည်းပညာတွေရရှိအောင် ကြိုးပမ်းနေ တယ်လို့ အမေရိကန်နဲ့ အာရှမဟာမိတ်တွေက ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားက ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်လိုတဲ့ဆန္ဒရှိပြီး ဒေသတွင်း လုံခြုံရေးအခြေအနေ ဆိုး ရွားလာရင် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်အဆင့်အထိ တိုးမြှင့်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြား ရေးဝန်ကြီး ချိုဆွန်ဟွေက ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ကျူးကျော် တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်မှုအဖြစ် မြောက်ကိုရီးယားက ရှုတ်ချခဲ့ပါတယ်။

ကိုးကား – Reuters
Ref; US, South Korea hold joint air exercises with 130 warplanes

#Ayeyarwaddy_Times