ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၅) ရပ်ကွက် ၀ဏ္ဏသိင်္ဂီလမ်း၊ ဘူတာအနီးရှိ ဆိုင်ခန်းတွင် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပိုင်ရှင်၏ အသက် ၁၃ နှစ်အရွယ် သမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

မီးလောင်သေဆုံးသွားသူ မိန်းကလေးမှာ မစံခွား(ခ) ဒူးယိမ်းထက်ဖြစ်ပြီး စိတ်ကျန်းမရေး(ညဏ်ရည်မမှီ)ရောဂါနှင့် ကိုယ်အင်္ဂါသန်စွမ်းမှုမရှိသောကြောင့်ဆိုင်ခန်းအပေါ်ထပ်ခိုးတွင် မီးခြစ်ကို ဆော့ကစားရာမှ သေဆုံးမှုဖြစ်ပွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှတ်တမ်းများအရသိရှိရသည်။

” သူက မီးခြစ်နဲ့ ဆော့ရင်း မွေ့ယာပေါ်ကို မီးစွဲပြီးလောင်တာ၊ သူက မသန်တော့မပြေးနိုင်တော့ဘူး။ မီးသတ်နဲ့လူမှုကယ်ဆယ်ရေး တွေရောက်လာပေမယ့်ကယ်လို့မရခဲ့ဘူး”ဟု ပုသိမ်မြို့နယ်မီးသတ်တပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ အုပ်ကာ၊ ကွန်ကရစ်ခင်းဆိုင်ခန်းရှိ ဆိုင်ခန်းအမှတ် (၁၇၈၊ ၁၇၉) ဆိုင်ခန်း (၂) ခန်း၏ (၈x၈) ပေ ထပ်ခိုးအခင်းပျဉ်နှင့်သွပ်မိုး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှတ်တမ်းများအရသိရှိရသည်။

မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့၀င်များနှင့် လူမှုကူညီရေးအဖွဲ့များမှ နာရီ၀က်ခန့်ငြိမ်းသတ်နိုင်ခဲ့ပြီး လူသေဆုံးမှုနှင့် မီးလောင်မှုနှင့်ပတ်သတ်ပြီး ပုသိမ်နယ်‌မြေရဲစခန်းတွင် မီးလောင်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ – ဒေသခံပေးပို့

#ပုသိမ်မြို့ #မီးလောင်မှု #အသက်၁၃နှစ်အရွယ်မိန်းကလေး #မီးလောင်သေဆုံး #Ayeyarwaddy_Times