
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်
အာဏာသိမ်းမှုအတွင်း ရာထူးမှဖြုတ်ချခံရပြီးနောက် ၃ လနီးပါးကြာ ထိန်းသိမ်းခံနေရတဲ့ သမ္မတ မိုဟာ မက်ဘာဇွမ်ရဲ့ အိမ်နီးချင်း နိုက်ဂျီးရီးယားနိုင်ငံသို့ သန်းခေါင်ယံအချိန် ထွက်ပြေးဖို့ကြိုးပမ်းမှုကို ဟန့်တားနိုင်ခဲ့ တယ်လို့ နိုင်ဂျာစစ်တပ်က ပြောပါတယ်။
ကြာသပတေးနေ့က သမ္မတ မိုဟာမက်ဘာဇွမ်နဲ့မိသားစုဟာ လုံခြုံရေးအစောင့်အချို့ရဲ့ အကူအညီနဲ့ နီ ယာမေမြို့တော် ဆင်ခြေဖုံးသို့ ကားဖြင့်သွားကာ နိုက်ဂျီးရီးယားနိုင်ငံသို့ ရဟတ်ယာဉ် ၂ စင်းနဲ့ ထွက်ပြေးဖို့ ကြိုး ပမ်းခဲ့တာလို့ အာဏာသိမ်း နိုင်ဂျာစစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“လုံခြုံရေးတပ်ဖွဲ့တွေက တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေမယ့် သမ္မတ မိုဟာမက်ဘာဇွမ်ရဲ့ နိုက်ဂျီးရီး ယားသို့ ထွက်ပြေးမယ့်အစီအစဉ်ကို ဟန့်တားနိုင်ခဲ့ပါတယ်။ အဓိကပြစ်မှုကျူးလွန်သူတွေနဲ့ ကြံရာပါအချို့ကို ဖမ်း ဆီးထားပါတယ်” လို့ အာဏာသိမ်း နိုင်ဂျာစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
နိုင်ဂျာစစ်တပ်က ဇူလိုင်လ ၂၇ ရက်မှာ သမ္မတ မိုဟာမက်ဘာဇွမ်ကို ရာထူးကနေ ဖြုတ်ချခဲ့နောက် နေ အိမ်အကျယ်ချုပ်ထားရှိခဲ့တာပါ။ လက်ရှိမှာတော့ သမ္မတ မိုဟာမက်ဘာဇွမ်ကို ဘယ်နေရာမှာ ထိန်းသိမ်းထား တယ်ဆိုတာ မသိရပါဘူး။
သူ့ကို လျှပ်စစ်မီးမရှိတဲ့နေရာမှာ ထိန်းသိမ်းထားပြီး ထမင်းခြောက်နဲ့ ပါစတာသာ ကျွေးတယ်လို့ ဩဂုတ် လအတွင်း ဆန္ဒအလျှောက် CNN သတင်းဌာနထံ ဖုန်းနဲ့ပေးပို့ခဲ့တဲ့ စာတိုတွေမှာ မိုဟာမက်ဘာဇွမ်က ပြောပါ တယ်။
ဖြုတ်ချခံ သမ္မတ မိုဟာမက်ဘာဇွမ်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုဖို့ လိုအပ်တဲ့ အထောက်အ ထားတွေ စုဆောင်းထားပြီလို့ အာဏာသိမ်း နိုင်ဂျာစစ်တပ်က ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။
အနောက်နိုင်ငံတွေနဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ ရှိလင့်ကစား အာဏာသိမ်း နိုင် ဂျာစစ်တပ်က တိုင်းပြည်အာဏာကို ဆက်ထိန်းထားပါတယ်။
နိုင်ဂျာနိုင်ငံသို့ ပေးအပ်နေတဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်နိုင်ငံ က ပြီးခဲ့တဲ့အပတ်အတွင်း ကြေညာခဲ့ပါတယ်။
တိုင်းပြည်ရဲ့ လုံခြုံရေးပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးကြောင့် သမ္မတ မိုဟာမက်ဘာဇွမ်ရဲ့ အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းခဲ့တာလို့ နိုင်ဂျာ စစ်အာဏာရှင်တွေက ပြောပါတယ်။
ကိုးကား – CNN
Ref; Niger junta says it has blocked ousted President Bazoum’s escape bid