ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ယက်(facebook)တွင် ရေးသားသည်ဟုစွပ်စွဲကာ အမျိုးသား ၂ ဥိီးအဖမ်းခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ လူငယ်များဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတင်းဆက်သွယ်မရတော့ကြောင်း မိသားနှင့် နီးစပ်သူများထံမှ သိရသည်။

“စစ်တပ်နဲ့ ရဲတွေက ကောင်လေးတစ်ယောက်ကို သင်္ဘောပေါ်ကအဆင်းအတင်း၀င်ဖမ်းတာ။ ဘာအမှုလဲမှတ်လို့ facebook မှာ သူတို့မကောင်းကြောင်းရေးလို့တဲ့၊ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကလဲ နေအိမ်ကိုဝိုင်းပြီး တစ်ယောက်ဖမ်းသွားသေးတယ်။ သူတို့က လိုင်းပေါ်တင်တာတောင် အရမ်းကြောက်နေကြတယ်”ဟု ဘိုကလေးမြို့ခံတစ်ဦးမှ​ ဧရာ၀တီတိုင်းမ်သို့ပြောသည်။

ဖမ်းဆီးခံရသူများမှာ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အမှတ် ၄ ရပ်ကွက်တွင်နေထိုင်သော အမျိုးသားတစ်ဦးကို လူမှုကွန်ယက်(facebook)group ဖြစ်သည့် “ဘိုကလေးသားတို့ဆုံဆည်းရာ လွပ်လပ်စွာရေးသားမယ်”တွင် စစ်ကောင်စီဆန့်ကျင်သောစာများရေးသားသည်ဟုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်တစ်ဦးကို အောက်တိုဘာလ ၁၇ ရက်နေ့က အမှတ် ၅ ရပ်ကွက် ဆိပ်ကမ်းတွင် သင်္ဘောပေါ်မှဆင်းလာသော PA PA Aung အကောင့်သုံးစွဲသူလူငယ်တစ်ဦးကို ဖမ်းဆီးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။

“နိုင်ငံရေးအကြောင်းတွေ ၊ရေးမယ် ၊shareမယ်ဆိုရင် ကိုယ့်လူအခြင်းခြင်းလဲမယုံကြပါနဲ့ စောင့်ကြည့်သတင်းပေးနေတဲ့သူတွေရှိနေတယ်၊ နိုင်ငံရေးအကြောင်းတင်ရင် အကောင့်တုနဲ့ တင်၊အပြင်သွားရင်တင်ထားတာတွေ၊ပြောထားတဲ့စာတွေဖျက်သွားတာအလုံခြုံဆုံးပဲ “လို့ အသက် ၅၀ အရွယ် ဘိုကလေးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်ဖမ်းဆီးထားသူများကို ဘိုကလေးမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအိီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများနှင့်တရားစွဲဆိုဖို့ပြင်နေကြောင်း ရဲတပ်ဖွဲ့နင့်နီးစပ်သူများထံမှ​သိရှိရသည်။

#ဘိုကလေးမြို့ #ဒေသခံ #အွန်လိုင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times