
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ တွေ့ဆုံစဉ် အစ္စရေးအနဲ့ အတူရပ်တည်ကြောင်း ထပ်လောင်းအတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အစ္စရေးနိုင်ငံအပေါ် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာစ်ရဲ့ တိုက်ခိုက်မှု တွေကြောင့် အန်တိုနီဘလင်ကန်ဟာ မနေ့က အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။
“အမေရိကန်နိုင်ငံက အစ္စရေးနဲ့အတူ ရပ်တည်ပါတယ်” လို့ ဆွေးနွေးမှုအစမှာ အန်တိုနီဘလင်ကန်က နေ တန်ယာဟုကို လက်ဆွဲနှုတ်ဆက်ရင်း ပြောပါတယ်။
“ဒီနေ့၊ မနက်ဖြန်နဲ့ အမြဲတမ်း အစ္စရေးနိုင်ငံနဲ့အတူ ရပ်တည်ပေးတဲ့အတွက် အမေရိကန်နိုင်ငံကို ကျေးဇူး တင်ပါတယ်” လို့ ဆွေးနွေးမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုမှာ နေတန်ယာဟုက ပြောပါတယ်။
ဘလင်ကန်က ဟားမာစ်အဖွဲ့ကို ရှုတ်ချခဲ့ပြီး ရှုပ်ထွေးမှုကို အခွင့်ကောင်းယူကာ အစ္စရေးနိုင်ငံကို တိုက် ခိုက်ဖို့ ကြိုးပမ်းတဲ့ တိုင်းပြည်တွေ၊ အဖွဲ့အစည်းတွေကို သတိပေးလိုက်ပါတယ်။
အစ္စရေးနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ထောက်ခံကြောင်း ပြောဆိုချက်က လက်ဘနွန်အခြေစိုက် စစ် သွေးကြွအဖွဲ့ ဟစ်ဇဘိုလာကို သတိပေးခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသရှိ အရပ်သားတွေ ထိခိုက်မှုဖြစ်စေမယ့် အစီအမံတွေကို ဖြစ်နိုင်သမျှ ရှောင်ကြဉ်ကြ ဖို့လည်း ဘလင်ကန်က တောင်းဆိုခဲ့ပါတယ်။
ဂါဇာဒေသမှ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံလမ်းတစ်ခု တည်ဆောက်ဖို့နဲ့ လို အပ်တဲ့ကုန်စည်တွေ ပေးအပ်ဖို့ကိစ္စကိုတော့ သူက မပြောဆိုခဲ့ပါဘူး။
ဂါဇာကမ်းမြှောင်ဒေသကို ဟားမာစ်အဖွဲ့က ထိန်းချုပ်ခဲ့ပေမယ့် ယခုအခါ အစ္စရေးတပ်ဖွဲ့တွေက ပိတ်ဆို့ ထားပါတယ်။ ဘလင်ကန်ဟာ ယနေ့ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Blinken meets Netanyahu, affirms US solidarity with Israel