ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၀ ရက်
မြန်မာနိုင်ငံက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်အ ဖြစ် ပူးတွဲတာဝန်ပေးလိုက်ရာ နိုင်ငံတကာဆက်ဆံရေး တိုးချဲ့ဖို့နဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရှောင် တိမ်းဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်လာစေပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ သံအမတ် ဉီး တင်မောင်ဆွေကို စက်တင်ဘာလ ၁၁ ရက်မှာ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ပူးတွဲ ခန့်အပ် လိုက်ကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားအ ရှေ့ဖျားဒေသသို့ သွားရောက်ချိန်နဲ့ အဆိုပါကြေညာချက်က တိုက်ဆိုင်နေပါတယ်။ မြောက်ကိုရီးယားက ရုရှား ဒုံးကျည်နဲ့ နျူကလီးယားနည်းပညာ အလဲအလှယ်အဖြစ် ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ အမြောက်ကျည်တွေနဲ့ ဒ ရုန်းတွေ ထောက်ပံ့ပေးဖွယ်ရှိတဲ့ အဆိုပါ ၂ နိုင်ငံကြား စစ်လက်နက်ဆိုင်ရာ သဘောတူညီချက်နဲ့ပတ်သက်လို့ အ မေရိကန်နဲ့ တောင်ကိုရီးယားက စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီဟာ လက်နက်ကိုင် တော် လှန်ရေးတပ်ဖွဲ့တွေကို ဖြိုခွင်းဖို့ ရုန်းကန်ခဲ့ရပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ လိုအပ်နေတဲ့ ဆန်နဲ့ အခြား စား နပ်ရိက္ခာတွေအတွက် အလဲအလှယ်အနေနဲ့ မြောက်ကိုရီးယားက မြန်မာစစ်ကောင်စီသို့ အမြောက်ကျည်နဲ့ ခဲယမ်း မီးကျောက်တွေ ပေးနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရုရှားဟာ မြန်မာစစ်ကောင်စီရဲ့ အဓိက စစ် လက်နက်ထောက်ပံ့သူဖြစ်ပါတယ်။
“မြန်မာစစ်တပ်က မြောက်ကိုရီးယားနဲ့ စစ်လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ပိုမို စိတ်ဝင်စားနေပါ တယ်။ ကင်ဂျုံအန်အစိုးရက စားနပ်ရိက္ခာ၊ ကုန်ကြမ်းတွေနဲ့ လဲလှယ်ဖို့ စိတ်ဝင်စားနေပါတယ်” လို့ ဆိုးလ်မြို့တော် Ewha Womans University မှ နိုင်ငံတကာလေ့လာရေးဌာနမှ ပါမောက္ခတစ်ဉီးဖြစ်သူ Leif Eric Easley က ပြော ပါတယ်။ “အပယ်ခံ အာဏာရှင်အစိုးရနှစ်ခုစလုံးက သူတို့ဟာ အထီးကျန် မဆန်ဘူးဆိုတာကို ပြည်တွင်းက ထောက်ခံသူတွေကိုပြသဖို့ သံတမန်ရေးရာ အသိအမှတ်ပြုမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်” လို့ သူက ဆိုပါ တယ်။
မြောက်ကိုရီးယားနဲ့မြန်မာဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ခံနေရပြီး ဆက်ဆံရေးတိုးမြှင့်ဖို့ မျှော်လင့်ကြတာလို့ သူက ပြောပါတယ်။ “စီးပွားရေး ဒဏ်ခတ်အရေးယူမှုသစ်တွေအရ အထီးကျန်ဆန်မှု တိုးလာ မှုနဲ့အတူ မြန်မာစစ်ကောင်စီဟာ အပယ်ခံ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အသက်သွင်းနိုင်ပါ တယ်” လို့ သူက ဆိုပါတယ်။
မြန်မာ-မြောက်ကိုရီးယား မိတ်ဖက်ဆောင်ရွက်မှု
အထီးကျန်ဆန်နေတဲ့ အာဏာရှင်အစိုးရတွေက မဟာမိတ်သစ်တွေရှာဖွေတာ မထူးဆန်းဘူးလို့ တိုကျို မြို့တော်၊ International Christian University၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါမောက္ခ စတီဖန်နာဂီက ပြောပါ တယ်။ “မြောက်ကိုရီးယားနိုင်ငံက စစ်လက်နက်အစီအစဉ်တွေအတွက် ငွေကြေး အသည်းအသန် လိုအပ်နေတာ ကြောင့် တိုင်းပြည်အချို့ထံ ခဲယမ်းမီးကျောက်တွေ ရောင်းချပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံက သတ္ထုအချို့၊ စားနပ်ရိက္ခာ၊ ဒရုန်းတွေ အပါအဝင် အသေးစား စစ်လက်နက်နဲ့ အခြားစစ်လက်နက်ကိရိယာတွေ ထုတ်လုပ်နိုင်ဖွယ်ရှိပါတယ်။
အဆိုပါကုန်ပစ္စည်းများကို အခြားတိုင်းပြည်များသို့ တင်ပို့မှုက ကုန်သွယ်မှုမှာ အကြီးမားဆုံး အခက်အခဲ ဖြစ်ဖွယ်ရှိတယ်လို့ နာဂီက ပြောပါတယ်။ ခြေရာခံဖို့ခက်ခဲတဲ့ ဆိုက်ဘာငွေကြေးမှတစ်ဆင့် ငွေကြေးဖလှယ်မှုတွေ ပြုလုပ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားက တရုတ်နိုင်ငံနဲ့ ကုန်းမြေနယ်နိမိတ် ချင်း ထိစပ်နေပေမယ့် ယင်းသို့သော ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်နိုင်ငံက ပါဝင်ဖို့ အင်တင်တင်ဖြစ်နိုင်တယ် လို့ သူက ဆိုပါတယ်။
“မြန်မာစစ်ကောင်စီက တရုတ်နိုင်ငံမှမဟုတ်ဘဲ မြောက်ကိုရီးယားဆီကနေ အကူအညီရဖို့ကြိုးပမ်းတာ အံ့အားသင့်စရာပါ။ ပြည်တွင်းစီးပွားရေး ချိနဲ့နေချိန်မှာ တရုတ်နိုင်ငံက ဒဏ်ခတ်အရေးယူခံရမှာကို ကြောက်ရွံ့ တာကြောင့် ဒီကိစ္စကို သတိထားပြီး ရှောင်လွှဲဖို့ ကြိုးပမ်းနေတာလို့ ကျွန်တော် မြင်ပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးသမိုင်းကြောင်း
မြောက်ကိုရီးယားနဲ့မြန်မာကြား ဆက်ဆံရေးသစ်ထူထောင်ဖို့ ကြိုးပမ်းမှုဟာ နှစ်နိုင်ငံဆက်ဆံရေးသမိုင်း ကို အခြေခံပါတယ်။ ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်မှာ တောင်ကိုရီးယားသမ္မတ ချန်ဒူဝှမ်း ရန်ကုန်မြို့ တော်ရှိ အာဇာနည်ဗိမာန်မှာ လွမ်းသူပန်းခွေချတော့မယ့်အချိန် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ သမ္မတ ချန်ဒူဝှမ်း ဟာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အာဇာနည်ဗိမာန်ကို နောက်ကျပြီးမှ ရောက်ခဲ့တာကြောင့် ဗုံးပေါက်ကွဲမှုမှာ အသက်ဘေးမှလွတ်မြောက်ခဲ့ပေမယ့် တောင်ကိုရီးယားအစိုးရဝန်ကြီးတွေ အပါအဝင် လူ ၂၁ ဉီး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၃ ဉီးကို ရဲတပ်ဖွဲ့က ချက်ချင်း ဖော်ထုတ်ခဲ့ ပါတယ်။ ပိုက်စိတ်တိုက်ရှာဖွေမှုမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တစ်ဉီး သေဆုံးခဲ့ပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တစ်ဉီး ကွက်မျက်ခံခဲ့ရပါတယ်။ တတိယမြောက် တိုက်ခိုက်သူဖြစ်တဲ့ ကန်မင်ချူလ်က တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယား ထောက်လှမ်းရေးတစ်ဉီး ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ကန်မင်ချုလ်ဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ တောင် ကိုရီးယားသမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာမရှိဘူးလို့ မြောက်ကိုရီးယားနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။ ထိုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံက မြောက်ကိုရီးယားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ၂၀၀၇ ခု နှစ်မှာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လိုက်နာစောင့်ထိန်းဖို့ ယခုအခါ အကျဉ်းချခံထားရတဲ့ မြန်မာ အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ နှစ်နိုင် ငံဆက်ဆံရေးကို ပြန်လည်ဖြတ်တောက်ခဲ့ပါတယ်။
ပုံရိပ်တည်ဆောက်နေတဲ့ ကင်ဂျုံအန်
မြောက်ကိုရီးယားမီဒီယာတွေက ကင်ဂျုံအန်ရဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံမှုအား နိုင်ငံတ ကာက အလေးထားဖော်ပြမှုကို အသုံးချပြီး ပြည်တွင်းမှာ ထောက်ခံမှုရအောင် ဖော်ပြနေပါတယ်။ ကင်ဂျုံအန်ရဲ့ ရု ရှားခရီးစဉ်ဟာ မြောက်ကိုရီးယားနဲ့ရုရှားကြား အခန်းကဏ္ဍသစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေ က ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးသစ်တည်ဆောက်မှုကိုလည်း ကင်ဂျုံအန်ဟာ ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံ့ခေါင်း ဆောင်တစ်ဉီးဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြဖွယ်ရှိနိုင်ကြောင်း နာဂီက ပြောပါ တယ်။ “မြန်မာနဲ့ဆက်ဆံရေး ပြန်လည်ထူထောင်တာ ကင်ဂျုံအန်ကို ကြီးမားတဲ့ တရားဝင်မှု ရရှိစေနိုင်ပါတယ်။ မြန်မာနဲ့ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်မှုက ကင်ဂျုံအန်အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေနိုင် ပါတယ်” လို့ သူက ဆိုပါတယ်။
စက်တင်ဘာလ ၂၈ ရက်က DW ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Julian Ryall ရဲ့ Is Myanmar looking to North Korea for arms support? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။