ဧရာ၀တီတိုင်းမ်

စက်တင်ဘာ ၂၅ ရက်

ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးဖြစ်သည့် မိုးမြင့်ထွန်းနှင့် စိုးထွဋ်ကို စစ်ကောင်စီအဖွဲ့၀င်မှ ထုတ်ပယ်ပြီး စိုးထွဋ်ကိုစစ်ဘက်သို့ပြန်ခေါ်ယူခဲ့သည်။ ထို့ပြင် စစ်ကောင်စီ၏ စီးပွားကူးသန်း ၀န်ကြီးဦးအောင်နိုင်ဦး ကို ရာထူးမှပြောင်းရွှေ့ခဲ့ပြီး ဒုဝန်ကြီးဦးညွန့်အောင်ကို ရာထူးကဖြုတ်ချခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့ ရက်စွဲ့ဖြင့် စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်၏ ဖမ်းဆီးစစ်ဆေးခြင်းခံ‌နေရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို စစ်ကောင်စီအဖွဲ့၀င်အဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ၎င်းတို့နေရာတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေး နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောတို့ကို အစားထိုးခန့် အပ်ခဲ့သည်။

စစ်ကောင်စီအဖွဲ့၀င်အဖြစ် အစားထိုးခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီး မောင်မောင် အေးသည် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ပြီး၊ ဒုဗိုလ်ချုပ်ကြီး ညိုစောသည် စစ်ခေါင်းဆောင်၏ အကြံပေးဖြစ်သည်။

စစ်ကောင်စီသည် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်စားမှု၊ ဒေါ်လာအရောင်းအ၀ယ် မသမာမှု၊ ပို့ကုန်သွင်းကုန်ကိစ္စများနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးကာ နေအိမ်နှင့်ပိုင် ဆိုင်မှုများကို သိမ်းဆည်းပြီးနောက် ယခုလိုအဖွဲ့၀င်အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ခေါ်ယူစစ်‌ဆေးပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၀န်ကြီးရာထူးမှ ဖယ်ရှားကာ စစ်ဘက်သို့ပြန်လည်ခေါ်ယူကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အလားတူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ဆက်စပ်၍ ဖမ်းဆီးစစ်ဆေးခံရသူ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီး ဦးအောင်နိုင်ဦးကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို ရာထူးပြောင်းရွှေ့ပြီး စီးကူးဒု၀န်ကြီး ဦးညွန်အောင်ကိုမူ ရာထူးက အနားပေးခဲ့သည်။

#ဒုတိယဗိုလ်ချုပ်ကြီး၂ဦး #မိုးမြင့်ထွန်းနှင့်စိုးထွဋ် #စစ်ကောင်စီအဖွဲ့၀င်ထုတ်ပယ် #စီးပွားကူးသန်း၀န်ကြီးဦးအောင်နိုင်ဦးပြောင်းရွှေ့ #ဒုဝန်ကြီးဦးညွန့်အောင်ဖြုတ်ချ #Ayeyarwaddy_Times