ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၇ ရက်

ယခု ရက်ပိုင်းအတွင်း အကယ်ဒမီရွှေနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်းထားများ တဖြည်းဖြည်း ကျဆင်းလာရာ ယနေ့ စက်တင်ဘာ ၇ ရက်နေ့ ညနေဈေးကွက်ပိတ်ချိန်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၅ သိန်းကျော်နှင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၀ ဖြင့်ပိတ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရသည်။

ဒေါ်လာဈေးကျဆင်းပြီးနောက်ပိုင်း ရက်အတော်ကြာဈေးမာနေသော ရွှေဈေးနှုန်းသည် ယနေ့တွင် အရောင်း ကျပ် သိန်း ၃,၅၃၅,၀၀၀ နှင့် အဝယ် ကျပ် သိန်း ၃,၅၂၅,၀၀၀ ဖြင့် တအိအိကျဆင်းလာကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းကျော်ရှိရာမှာ တစ်ပတ်အတွင်း နှစ်သိန်းဝန်ကျင်ဈေး ကျလာခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာငွေလဲနှန်းထားသည် ယနေ့ အရောင်း တစ်ဒေါ်လာလျှင် ၃၅၁၀ ကျပ် နှင့် အဝယ် ၃၄၉၀ ကျပ်ရှိပြီး ယခုရက်ပိုင်းအတွင် ကျပ်နှစ်ရာကျော်အထိ ပြန်လည် ကျဆင်းလာသည်ကို တွေ့ရသည်။

ထို့ပြင် တရားဝင်ရောင်းချရမည့် သတ်မှတ်ရွှေဈေးနှုန်းမှာ ညနေအပိတ်ဈေးအဖြစ် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၂,၂၅၉,၆၀၀ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုင်ငံခြားငွေလဲလုပ်ကိုင်သူများ အပါအဝင် ဆန်ကုန်သည်များနှင့် စားသုံးဆီကုန်သည်များကို ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်ပြီးနောက် ကုန်ဈေးနှုန်းများ အနည်းငယ်ကျလာခြင်းဖြစ်သည်။

ဓာတ်ပုံ- လူမှုကွန်ရက်

#အခေါက်ရွှေဈေးကျ #ဒေါ်လာဈေးကျ #Ayeyarwaddy_Times