ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

ကမ္ဘောဒီးယားပြည်သူ့ပါတီ (စီပီပီ) က ဒီနှစ် ဇွန်လအတွင်းပြုလုပ်တဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ ကောင်စီနေရာ ၁၁၆၂၂ နဲ့ ဆန္ဒမဲ ၈၀ ရာခိုင်နှုန်းရရှိပြီး သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်ဖွယ်မရှိတော့ဘူးဆိုတဲ့ ထင်မြင်ယူဆမှုတွေလည်း ရှိလာပါတယ်။

ဟွန်ဆမ်က၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ သားဖြစ်သူ ဟွမ်မာနက်ကို စီပီပီအတွက် ဝန်ကြီးချုပ်ကိုယ်စား လှယ်လောင်းအဖြစ် ထောက်ခံတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ကြောင့် ဟွမ်မာနက်ရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ ပါတီဝင်တွေက ထောက်ခံတဲ့အကြောင်း ဂုဏ်ပြုရေးသားခဲ့ပါတယ်။

ဒါပေမယ့် စီပီပီ အကြီးတန်းအဖွဲ့ဝင် ဆာခေါင်ထံက မည်သည့်ဂုဏ်ပြုမှုမျှ ရေးသားမှုမရှိခဲ့လို့ ပါတီအကြီး တန်းခေါင်းဆောင်တွေက ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ဟွမ်မာနက်ကို ထောက်ခံမှုမရှိဘူးဆိုတဲ့ ထင် မြင်ယူဆချက်တွေ ရှိလာခဲ့ပါတယ်။ စီပီပီအတွင်း ပွတ်တိုက်မှုအချို့ရှိပေမယ့် ဒါက ခေါင်းဆောင်သစ်ရွေးချယ် မှုကိုတော့ စိန်ခေါ်နိုင်ဖွယ်မရှိပါဘူး။

ဟွမ်မာနက်ဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ် ဟွန်ဆမ်ရဲ့အရှိန်၊ ထောက်ခံမှုနဲ့အတူ စီပီပီအတွင်း အရေးပါတဲ့ ရာထူးတွေကို ရယူလာနိုင်တာပါ။ ဟွမ်မာနက်က ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ စီပီပီရဲ့ သြဇာအကြီးမားဆုံး အဖွဲ့ဝင် တွေနဲ့ ဖွဲ့စည်းထားတဲ့ အမြဲတမ်းကော်မတီဝင် ဖြစ်လာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ သူ့ကို ကမ္ဘောဒီးယားပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ စီပီပီ လူထုလှုပ် ရှားမှုဌာန ဒုတိယအကြီးအကဲရာထူး တိုးမြှင့်ပေးခဲ့ပါတယ်။ ဟွမ်မာနက်ကို ရာထူးမျိုးစုံ တိုးမြှင့်ပေးရတဲ့အ ကြောင်းရင်းက လူငယ်နဲ့ ပြည်သူအများစုရဲ့ ထောက်ခံမှုရရှိဖို့ဖြစ်ပါတယ်။

ဟွမ်မာနက်ကို ရာထူးအမျိုးမျိုးခန့်အပ်မှုက အနာဂတ် ခေါင်းဆောင်သစ်ရွေးချယ်မှုနဲ့ပတ်သက်လို့ စီပီပီ အကြီးတန်းအဖွဲ့ဝင်တွေ အများစုကြား ဘုံသဘောတူညီချက်တစ်ရပ် ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ဟွမ်ဆမ်ရဲ့ သားဖြစ်သူ ဟွမ်မာနက်အတွက် အန္တိမရည်မှန်းချက်က ကမ္ဘောဒီးယားနိုင်ငံရဲ့ မကြာသေးမီက နိုင်ငံခြားရေးရာ မူဝါဒအပြောင်းအလဲတွေကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုရရှိဖို့ဖြစ်ပါ တယ်။

ကိုးကား – East Asia Forum
Ref; Hun Sen’s son set for electoral success