ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

အရှေ့တောင်အာရှနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေက အာဆီယံ အလှည့်ကျဥက္ကဌရဲ့ အထူး ကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ခ်ဆို ခွန်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ တိုက်တွန်းနေပါတယ်။

ပရတ်ခ်ဆိုခွန်ရဲ့ မကြာသေးမီက မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ဒုတိယမြောက်ခရီးစဉ်အတွင်း ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလမှာ တရားမဝင် အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ဆက်လက်ကြိုးပမ်းနေတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုမတိုင်မီ ရွေးကောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူနည်းစုမှ လေးစားဖွယ်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG ကို မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဖို့ ဖွဲ့စည်းထားတာပါ။ NUG ကို မြန်မာပြည်သူအများစုက ထောက်ခံပါ တယ်။

မြန်မာပြည်သူအများစုက NUG ကို တရားဝင် အစိုးရအဖြစ် ရှုမြင်ပါတယ်။ ပရတ်ခ်ဆိုခွန်က အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ဖို့ စိတ်အားထက်သန်တာကြောင့် သူ့အနေနဲ့ နိုင်ငံတ ကာ ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး တိုင်းပြည်ကို ချောက်ထဲတွန်းပို့နေတဲ့ တရားမဝင် အာဏာသိမ်းစစ်ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံမယ့်အစား NUG နဲ့ ပေါ်ပေါ်ထင်ထင် ထိတွေ့ဆက်ဆံသင့်ပါတယ် လို့ ဖိလစ်ပိုင် လွှတ် တော်အမတ်ဟောင်းနဲ့ အာဆီယံ လူ့အခွင့်အရေးလွှတ်တော်အမတ်များဘုတ် (APHR) အဖွဲ့ဝင် တွမ်ဗီလာရင်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံခေါင်းဆောင်တွေနဲ့ မင်းအောင် လှိုင်က ၂၀၂၁ ခုနှစ် ဧပြီလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူကတည်းက အာဏာသိမ်းစစ်ခေါင်းဆောင်၊ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့သာ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီခေါင်းဆောင်တွေကို ဖိတ်ကြား၍ဖြစ်စေ၊ အွန်လိုင်း မှဖြစ်စေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သင့်တယ်လို့ APHR က ပြောပါတယ်။

ပြည်သူ ၂၁၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရပြီး ၁၁၀၀၀ ကျော် အကျဉ်းချခံရကာ တစ်သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာနိုင်ငံမှာ မင်းအောင်လှိုင်နဲ့ အပေါင်းပါတစ်သိုက်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေလို့ဆိုနိုင်တဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ လူ့ အခွင့်အရေးကော်မရှင်နာမင်းကြီးရုံက ဆိုပါတယ်။

ရာဇဝတ်မှုတွေနဲ့ ၄င်းတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် မလိုက်နာ မှုအတွက် မင်းအောင်လှိုင်နဲ့ အပေါင်းပါတစ်သိုက် တာဝန်ခံစေရေးလုပ်ဆောင်ဖို့ APHR က အာဆီယံကို တောင်း ဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်တဲ့ အဓိကအဖွဲ့အစည်းသာဖြစ်ပြီး အာဆီယံအဖွဲ့ဝင် တွေက တရားမဝင် အုပ်ချုပ်မှုကို လက်မခံသင့်ပါဘူး။ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လျှောက်လှမ်းပြီး ကျရှုံးတဲ့တိုင်းပြည်တစ်ခု မဖြစ်စေလိုဘူးဆိုရင် NUG၊ မြန်မာအရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ထိတွေ့ဆက်ဆံသင့်ပါတယ်လို့ ဗီလာရင်က ပြောပါတယ်။

ကိုးကား – ASEAN MP
Ref; Southeast Asian MPs urge ASEAN Special Envoy to Myanmar to meet National Unity Government