
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်
ယူကရိန်းက ဆွီဒင်နိုင်ငံထုတ် ဂျက်တိုက်လေယာဉ်တွေ လက်ခံရရှိရေးအတွက် သူနဲ့ ဆွီဒင်နိုင်ငံမှ တာ ဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်းသမ္မ ဇီလန်စကီးက ပြောပါတယ်။
စနေနေ့က စတော့ဟုမ်းမြို့တော်မှာ ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတာဆင်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဇီလန် စကီးက အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံက Gripen ဂျက်တိုက်လေယာဉ်တွေ လက်ခံရရှိရေးအတွက် လိုအပ်တဲ့ခြေလှမ်းတွေ လုပ် ဆောင်ဖို့ နှစ်ဘက်စလုံးက အသေးစိတ် ဆွေးနွေးခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
Gripen ဂျက်တိုက်လေယာဉ်တွေဟာ ယူကရိန်းပြည်သူတွေ လွတ်မြောက်ရေးအတွက် အထောက်အကူ ပြုစေမှာ သေချာတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ပိုမိုကောင်းမွန်စွာ တန်ပြန်တိုက်ခိုက်နိုင်ရေး ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ကြဖို့ ယူကရိန်းက အနောက်နိုင်ငံတွေကို တောင်းဆိုနေပါတယ်။
ဒိန်းမတ်နဲ့နယ်သာလန်နိုင်ငံတွေက ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းပေးဖို့ ဒီလအ စောပိုင်းမှာ အမေရိကန်နိုင်ငံက တရားဝင် အတည်ပြုခဲ့ပါတယ်။
ယူကရိန်းတိုက်လေယာဉ်မှူးတွေ သင်တန်းတက်ရောက်မှုပြီးစီးရင် ယူကရိန်းသို့ F-16 ဂျက်တိုက်လေ ယာဉ်တွေ လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။
ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတွေက ယူကရိန်း တိုက်လေယာဉ်မှူးတွေကို ဉီးဆောင်ပြီး လေ့ကျင့်ပေးနေ ပါတယ်။
ကိုးကား – NHK
Ref; Ukraine in talks with Sweden to receive Swedish fighter planes, says Zelenskyy