
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်
ဆွစ်ဇာလန်နိုင်ငံက စစ်အာဏာသိမ်းကောင်စီအဖွဲ့ဝင်၊ စစ်ကောင်စီခန့်ဝန်ကြီးခြောက်ဉီးနဲ့ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းကို ဒဏ်ခတ်အရေးယူကြောင့် သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူသူတွေထဲမှာ စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကျော်မင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော် စွာလင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကောင်စီအဖွဲ့ဝင် ဦးပိုးရယ်အောင်သိန်းနဲ့ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ ပါဝင်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဆွစ်ဇာလန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုစာရင်းမှာ ပါဝင်သူတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဉ ပဒေစိုးမိုးမှု ပျက်သုဉ်းစေတဲ့လုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံက အရေးယူလိုက်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ဝန်ကြီးတွေဟာ တရားဝင် ရွေးကောက် ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းမှုကို အားပေးအားမြှောက်ပြုခဲ့သူတွေလို့ ထုတ်ပြန်ချက်က ပြောပါတယ်။
အမေရိကန်နိုင်ငံကလည်း မကြာသေးမီက အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါသေးတယ်။
ဒါ့အပြင် ဉရောပသမဂ္ဂက ဇူလိုင်လအတွင်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ခြောက်ဉီးနဲ့ သတ္ထုတွင်း လုပ်ငန်းကို ဒဏ်ခတ်အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – https://www.europeansanctions.com
Ref; Switzerland Burma/Myanmar and Syria designations