ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်

Pheu Thai ပါတီက Move Forward Party (MFP) မပါဘဲ အမတ်နေရာ ၃၀၂ နေရာဖြင့် အစိုးရသစ်တစ် ရပ် ဖွဲ့စည်းဖို့ကြိုးစားနေကာ လာမယ့်သောကြာနေ့မှာပြုလုပ်မယ့် မဲပေးရွေးချယ်မှုမှာ အိမ်ခြံမြေသူဌေးကြီး ဆ ရက်သာသာဗီဆင်ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုမယ်လို့ သိရပါတယ်။

Pheu Thai ပါတီက မိတ်ဖက်သစ်ပါတီငါးခုပါဝင်တဲ့ ပါတီ ၁၀ ခုနဲ့အတူ ၁၀ ပါတီ ညွန့်ပေါင်းဖွဲ့ပြီး အစိုးရ သစ်တစ်ရပ် ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

မေလ ၁၄ ရက် အထွေထွေ ရွေးကောက်ပွဲကျင်းပပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ၈ ပါတီညွန့်ပေါင်းအဖွဲ့မှ ပါတီ လေးခုလည်း Pheu Thai ပါတီဉီးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်ပါတယ်။
အသစ်ဖွဲ့စည်းတဲ့ ညွန့်ပေါင်းအဖွဲ့မှာ ချန်လှပ်ထားပြီး အတိုက်အခံဖြစ်အောင် တွန်းအားပေးလာမယ်ဆို ရင် Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်လောင်းကို မဲမပေးဘူးလို့ MFP က ပြောပါတယ်။
ဝန်ကြီးချုပ်လောင်း အဆိုပြုဖို့ ဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာ၊ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝမ်ဆုဝန်ဉီး ဆောင်တဲ့ PPRP တို့နဲ့ ပူးပေါင်းပါက Pheu Thai ပါတီက ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကို ဖြေရှင်းရမယ်လို့ MFP က ပြောပါတယ်။

အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာ သုံးနေရာစီပေးဖို့ Pheu Thai ပါတီက PPRP၊ Democrat Party တို့နဲ့ သဘောတူညီမှုတွေ ရရှိခဲ့ပြီလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လာမယ့် သောကြာနေ့မှာ လွှတ်တော်အစည်းအဝေး ကျင်းပမယ့်အစီအစဉ် မပြောင်းလဲဘဲ ဝန်ကြီးချုပ် သစ် ရွေးချယ်ရေးနဲ့ ပုဒ်မ ၂၇၂ ပြင်ဆင်ရေးကို လုပ်ဆောင်မယ်လို့ လွှတ်တော်နာယက ဝန်မူဟာမက်မာသာက ပြောပါတယ်။

ဝန်ကြီးချုပ်သစ်ကို မဲပေးရွေးချယ်တာမပြုလုပ်နိုင်ရင် ဝန်ကြီးချုပ်သစ် ပူးတွဲရွေးချယ်တဲ့ အထက်လွှတ် တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုဖယ်ရှားမယ့် ပုဒ်မပြင်ဆင်မှုကို ဆွေးနွေးဖို့ လွှတ်တော်က စဉ်းစားမယ်လို့ သိရပါ တယ်။

ကိုးကား – Bangkok Post
Ref; Pheu Thai bloc ‘excludes Move Forward’

#Ayeyarwaddy_Times

See less