ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်

စစ်ကောင်စီထုတ်ဝေလိုက်သော ကျပ်နှစ်သောင်းတန်ငွေစက္ကူသစ်ထွက်လာပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာနှင့် အကယ်ဒမီရွှေဈေးအမြင့်ဈေးတွင် ငြိမ်နေကြောင်း သတင်းရရှိသည်။

ယနေ့ ဩဂုတ် ၂ ရက် နေ့ပေါက်စေးမှာ မေရိကန်ဒေါ်လာ တစ်ကျပ်လျှင်ကျပ် ၃၂၆၀ မှ ၃၃၇၀ ဝန်းကျင် နှင့် အကယ်ဒမီရွှေတစ်ကျပ်သား ကျပ် ၃၆ သိန်းအထက်တွင်ရှိနေကြောင်း စုံစမ်းသိရသည်။

အမေရိကန်‌ဒေါ်လာကိုပြင်ပဈေးကွက်တွင်အရောင်း အဝယ်ပြုကြပြီး စစ်ကောင်စီဖမ်းဆီးမှုများကြောင့် တရားဝင်နိုင်ငံခြားငွေလဲကောင်တာအများစုက အရောင်းအဝယ်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

” ဒေါ်လာဈေးကျဖို့လိုတာ။ သူကျရင် အကုန်လိုက်ကျမှာပဲ။ ရွှေ၊ ကား၊ မြေနဲ့ ကုန်ဈေးနှုန်းတွေရောအကုန်ပေါ့။ နိုင်ငံရေးမတည်ငြိမ်တော့ ဈေးကွက်ကမှန်းရခက်တယ်” ဟု ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့ပြင် အကယ်ဒမီ ရွှေဈေးနှုန်းပုံမှန်ဖွင့်နေပြီးရွှေဆိုင်အများစုက လက်ဝတ်အထည်များသာရောင်းချပြီး ရွှေအတုံးရောင်းချမှုပိတ်ထားသည်မှာ တစ်လကျော်ကြာမြင့်‌ နေပြီဖြစ်သည်။

အခြားတစ်ဖက်တွင် မော်တော်ယာဉ်အရောင်းအဝယ်ဈေးကွက်အတွင်း ဈေးအနည်းငယ်ကျလာမည်ဟုခန့်မှန်းရပြီး အိမ်ခြံမြေဈေးကောင်းနေဆဲဖြစ်ကြောင်း ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောကြားသည်။

လက်ရှိလူမှုကွန်ရက်စာမျက်နှာတွင် ကျပ်နှစ်သောင်းတန်တစ်ရွက်သာ ထွက်ပေါ်‌နေသည်ကိုတွေ့မြင်နေရပြီး စစ်ကောင်စီက မည်မျှရိုက်ထုတ်ထား‌သည်ကိုမူ မသိရပေ။

#ဒေါ်လာဈေး #ရွှေဈေးငြိမ် #အိမ်ခြံမြေဈေးကောင်း
#Ayeyarwaddy_Times