ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်

မြန်မာနိုင်ငံက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ပိုဖြစ်လာချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အရေး ပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

လွန်ခဲ့သောနှစ်နှစ်ခွဲကျော်က ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ ထောင်ပေါင်းများစွာသော နေအိမ်များကို မီးရှို့ခဲ့ပြီး ပြည်သူ ၁ ဒသမ ၆ သန်းကို အိုးအိမ်စွန့်ခွာစေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်ကို ပမာမ ခန့်ပြုမှုက ပဋိပက္ခကို တာရှည်စေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေမယ့် နိုင်ငံရေးနဲ့ စီးပွားရေးနည်းလမ်းတွေ အသုံးချနိုင်ဖို့ အမေရိကန်နိုင်ငံက မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ဆက်လက်ပြီး လက်တွဲဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေး၊ မတရား ထိန်းသိမ်းခံရသူတွေကို လွှတ် ပေးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရေး၊ အသက်ရှင်ကျန်ရစ်သူတွေအ တွက် တရားမျှတမှုရရှိရေးနဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ် ဖော်ဆောင်ဖို့ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ အမေရိကန်နိုင်ငံက ဆက်လက် တောင်းဆိုမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကား – https://www.state.gov/
Ref; Burma Military Regime’s Ongoing State of Emergency

#Ayeyarwaddy_Times

See less