ဧရာ၀တီတိုင်းမ်
ဩဂုတ် ၂ ရက်

စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့ပြီးနောက် ကရင်နီပြည်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် အရပ်သားပြည်သူသေဆုံးမှုများ၊ ဒေသခံစစ်ရှောင်ပြည်သူ သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများစာရင်းကို ကရင်နီပြည်သူ့အင်အားစု-PKPF က ထုတ်ပြန်ခဲ့သည်။

စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့် အရေးချိုးဖောက်ခံရမှုများကို ယမန်နေ့ ဩဂုတ် ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေတွေမှာ မတရား လုပ်ခံနေရတာတွေကို သိပ်မသိကြဘူး။ သူတို့(စကစ) ကလည်း ဖုံးပြီးတော့ သူတို့ကောင်းကြောင်း ပဲပြောတာလည်းပါတယ်။ ခုဖော်ပြတဲ့စာရင်းတောင် အတိ အကျမဟုတ်သေးဘူး။ လက်လှမ်းမီသလောက်ပြုစု ထားတာပါ”ဟု ကရင်နီပြည်သူ့အင်အားစု-PKPF မှ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၃၇၅ ဦး၊ စစ်ရှောင်သေဆုံးသူ ၁၄၁ ဦး၊ ကရင်နီတွင် တိုက်ပွဲအကြိမ်ရေ ၇၆၆ ကြိမ်၊ စစ် ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၅၇၂ ကြိမ်၊ ဘာ သာရေး အဆောက်အအုံပျက်စီးမှု ၃၉ လုံး၊ KNDF/PDF/KA ကျဆုံးသူ ၃၁၀၊ ပျက်စီးခဲ့သည့် နေအိမ်ပေါင်း ၁၆၃၉ လုံးရှိကြောင်းနှင့် မတရားဖမ်းဆီးခံရသူ ၁၉၆ ဦးရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးသူ ၂၂၃၀ ဦး၊ စစ်ကောင်စီယာဉ်တန်းပျက်စီးမှု ၆၄ စီးပျက်စီးမှုရှိကြောင်း သိရသည်။

လက်ရှိတွင် ကရင်နီပြည်ကို စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းပို့ဆောင်၍ စစ်ကြောင်းထိုး၀င် ရောက်မှုများပြုလုပ်နေသော်လည်း အထိနာပြီးသေဆုံးမှုများ လျက်ရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

#ကရင်နီ #စစ်ကောင်စီ #ဖမ်းဆီး #သတ်ဖြတ်မှုများ #အရပ်သားသေဆုံး၄၀၀နီးပါး #PKPF #Ayeyarwaddy_Times