ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်
ယူကရိန်းလေတပ်သို့ အမေရိကန်လုပ် အက်ဖ်-၁၅ နဲ့ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေ လှူဒါန်းဖို့ ဝါရှင်တန်မြို့တော်ရှိ နိုင်ငံရေးအသိုင်းအဝိုင်းက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အမေရိကန်လုပ် ဂျက်တိုက်လေယာဉ်များကို မည်ကဲ့သို့ အသုံးပြုရသည်နှင့်ပတ်သက်၍ ယူကရိန်း လေယာဉ်မှူးများကို လေ့ကျင့်ပေးရန် အမျိုးသားကာကွယ်ရေးအက်ဥပဒေအရ ဒေါ်လာသန်း ၁၀၀အတည်ပြုခဲ့ပြီးပါပြီ။
အဲဒီငွေကြေး သုံးစွဲမယ့်ဆုံးဖြတ်ချက်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ကျူး ကျော်မှုစတင်ချိန်ကတည်းက အမေရိကန်လုပ် ဂျက် တိုက်လေယာဉ်တွေ ပေးပို့ဖို့ ယူကရိန်းက တောင်းဆိုခဲ့ပါတယ်။
ဒီအစီအစဉ်ဖြစ်လာခဲ့ရင်တောင် ဆိုခွိုင်းနဲ့ MiG ဂျက်တိုက်လေယာဉ်တွေသာ မောင်းနှင်ဖို့ လေ့ကျင့်ပေးထားတဲ့ ယူကရိန်းလေယာဉ်မှူးတွေကို အမေရိကန်လုပ် ဂျက်တိုက်လေယာဉ်တွေ မောင်းနှင်နိုင်ဖို့ အချိန်ယူ လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံက တတိယနိုင်ငံတွေမှတစ်ဆင့်ယူကရိန်းသို့ Su-25 ဂျက်တိုက်လေယာဉ်တွေ ပေးပို့ခဲ့သလို ချက်သမ္မတနိုင်ငံကလည်း ယူကရိန်းသို့ MiG-29 ဂျက်တိုက်လေယာဉ် ၁၂ စင်း လှူဒါန်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံကလည်း ယူကရိန်းသို့ တိုက်လေယာဉ်တွေ အပါအဝင် ဒေါ်လာ ဘီလီယံချီတန်ကြေးရှိ စစ်လက်နက်တွေ ပေးပို့ခဲ့ပါတယ်။
ယူကရိန်းလေယာဉ်မှူးတွေကို အမေရိကန်နိုင်ငံ မစ်စစ္စပီပြည်နယ် ကိုလံဘတ်စ်မြို့ရှိ လေတပ်အခြေစိုက် စခန်းတစ်ခုနဲ့ တက္ကဆတ်ပြည်နယ်ရှိ အခြားလေတပ်စခန်းတစ်ခုမှာ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
ကိုးကား – Bulgaria Military
Ref; US is preparing to donate F-15 and F-16 aircraft to Ukraine