ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်

ရုရှားနိုင်ငံက ဒုံးပျံနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ အရှိန်မြှင့်တိုက်ခိုက်လျက်ရှိရာ ယူကရိန်းနိုင်ငံမှာ အရပ် သားတွေ သေဆုံးရမှုနဲ့ ဒဏ်ရာရရှိမှုတွေ ပိုများလာပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ၇၀ ရာခိုင်နှုန်းက အရပ်ဘက်ပစ်မှတ်တွေကို ထိမှန်ခဲ့ပြီး ၃၀ ရာခိုင်နှုန်းက သာ စစ်ရေးပစ်မှတ်တွေကို ရည်ရွယ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားလိုက်ပါတယ်။

ခေတ်မီ လေကြောင်းရန် ကာကွယ်ရေးစနစ်လိုမျိုး အနောက်နိုင်ငံတွေမှ စစ်ရေးအကူအညီတွေ လိုအပ် တယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူကရိန်းနိုင်ငံအနောက်ပိုင်း ဗင်နီရှားဒေသမှာ ဒုံးကျည်တိုက်ခိုက်မှုတစ်ခု ကြောင့် ကလေးငယ်သုံးဦး အပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ယူကရိန်းနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့တော် အိုဒက်ဆာမြို့မှာ မနေ့က ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ကြောင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ခါကတ်ဗ်ဒေသတွင်လည်း ရုရှားတပ်ဖွဲ့တွေရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှု ကြောင့် လူသုံးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကြာသပတေးနေ့နောက်ပိုင်း မြို့ပြဒေသတွေမှာ ရုရှားတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၄၀ ဦးထက်မ နည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရုရှားနိုင်ငံက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဒါဟာ အကြမ်းဖက်နိုင်ငံတစ်ခုရဲ့ အပြုအမူ လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

ကိုးကား – NHK
Ref; Russia targets civilians, says Ukraine