ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၂ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၏ဇနီး နှင့် ဖမ်းဆီးခံခဲ့ရသည့် အရာရှိ မိသားစုများကိုပါ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၊ ဒုတပ်ရင်းမှူး အောင်နိုင်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီးဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ဖားကန့်အထူးကွပ်ကဲရေးတာ၀န်ခံ တပ်မ ၃၃ တပ်မမှူး ကိုကိုလွင်၊ ဂန့်ဒေါင်ယာန်ဒေသအထူးကွပ်ကဲရေးတာ၀န်ခံ တပ်မ ၈၈ မှတပ်မမှူးနှင့် ဗိုလ်မှူးအဆင့်ရှိ နှစ်ဦးတို့ကို စစ်ကောင်စီ ဌာနချုပ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်သည်။
“သူတို့မိန်းမတွေကိုပါ ဖမ်းပြီးစစ်နေတယ်။ တိုင်းမှူးရဲ့ ကတော် ဒေါ်ရွှေစင်ထွန်းအပါအ၀င်ပဲ။ သူတို့ရဲ့ပိုင် ဆိုင်မှုတွေက အစအကုန်အသေးစိတ် စစ်နေတာ။ လက်၀တ်လက်စားတွေ၊ ရွှေတွေမြေတွေ ၀ယ်တာကအစ အကုန်စစ်နေတာ။ လက်ရှိ မှာ အကုန်လုံးကို ဖမ်းထားတုန်းပဲ”ဟု စစ်ကောင်စီ တပ် စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။
တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်တို့ကို ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်နှင့် ကချင်တပ်မတော် (KIA)တပ်ဖွဲ့ တို့ နှစ်ဖက်စစ်ရေးတင်းမာနေချိန်ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နေရာကို ယမန်နေ့က ဗိုလ်မှူးချုပ်စိုးလှိုင်ကို ရာထူးတိုး၍ တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း ကချင်ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။
အဆိုပါ ဗိုလ်မှူးချုပ် စိုးလှိုင်သည် ယခင်က မိုးကောင်း မြို့ အမှတ် (၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ် ဆင်ရေးကွပ်ကဲရေးမှူးဖြစ်ပြီး စစ်တပ်မှအာဏာသိမ်းပြီးနောက် ၎င်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင် ရေးကွပ်ကဲရေးမှူးမှ ရာထူးတိုး၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သတင်းများဖော်ပြနေပြီး ဧရာ၀တီတိုင်းမ်သတင်းဌာနအနေ ဖြင့် အတည်ပြုစုံစမ်းလျက်ရှိသည်။
ဓာတ်ပုံ – မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဇနီးဒေါ်ရွှေစင်ထွန်း
#ကချင် #မပခ #တိုင်းမှူး #ဗိုလ်ချုပ်ကိုကိုမောင် #ဇနီးဖမ်းဆီးခံရ #Ayeyarwaddy_Times